For...

11.6K 839 231
                                    

တဲလေးဆောက်ကာ နှစ်ယောက်တစ်တွဲနေရ၍ ယန်ကောနဲ့ ကွမ့်ကျွင်းက တစ်တွဲတွဲကာ ရိပေါ်နဲ့သူက တစ်တွဲ။ ကျဲက သူ့သူငယ်ချင်းတစ်ယောက်ဖြင့် တွဲ၍ အားလုံး လူအကိုက်ပင်။ ရိပေါ်တို့ နေသည့်နေရာလေးသည် ဘေးတွင် စမ်းချောင်းင်းလေးတစ်ခုရှိကာ၊ ညာဘက်ဘေးတွင် သီးနှံပင်တွေဖြင့်။ ရေစီးကျသံကလဲ အတော်နားထောင်ကောင်းသလို ငှက်လေးတွေက တကျွီကျွီဖြင့်။ ရှန်းကျဲက ဓာတ်ပုံကို ရိုက်လို့ မပြီးတော့ပေ။

ရိပေါ်က ရိုက်ပေးလိုက်ရ၊ ယန်ကောက ရိုက်ပေးလိုက်ရဖြင့်။ ခနအကြာ ယန်ကောက ဌာနက အချို့အကိုတွေ ငါးမျှားနေသည့်အနားသို့ သွား၍ ရှန်းရှန်းကျဲနှင့် ရိပေါ်သာ ကျန်ခဲ့သည်။ငါးမျှားသည်ဆိုတာကလဲ အခြားမဟုတ်။ စမ်းချောင်းဘေးတွင် သစ်ပင်အချို့ရှိ၍ ထိုသစ်ပင်မှ ကိုင်းအချို့ကို ခုတ်ကာ တုတ်ချွန်လုပ်၍ မျှားနေခြင်းပင်။

*ရပြီ ဝမ်လေး ကျေးဇူးနော်*

ရှန်းရှန်းကျဲက သူ့သူငယ်ချင်းတစ်ယောက် လှမ်းအော်နေ၍ ထိုသို့ပြေးသွားလေသည်။ ရိပေါ် တစ်ယောက်ထဲမို့ ငါးမျှားသည့်အနား သွားထိုင်လိုက်၏။ ဘာရယ်မဟုတ် အနောက်ကို လှမ်းကြည့်လိုက်တော့ လက်တော့ပ်တစ်လုံးဖြင့် အလုပ်ရှုပ်နေသည့်သူ။ ကွမ့်ကျွေးက ဘေးတွင် ရပ်နေသည်။

အလုပ်ရှိနေရင် လိုက်မလာနဲ့ပေါ့။ အခုတော့ လိုက်လာပြီး သူက အလုပ်တွေ လုပ်ပြနေသည်။

*ငါးတွေရလား*

ရိပေါ် အရှေ့ပြန်လှည့်ကာ ယန်ကောကို မေးလိုက်သည်။ ရှေ့က အကိုတွေဆီ ရိပေါ်ကို မေးငေါ့ပြကာ

*ဆယ်ကောင်လောက်တော့ ရနေပြီတဲ့*

သူကိုယ်တိုင်လဲ ထိုလိုမလုပ်တတ်၍ ထိုင်ကြည့်နေရုံသာ။ ဒီနေရာက တောင်တန်းဒေသက နေချင်စရာကောင်းသည့်နေရာတစ်ခုလို့ပြောပေမယ့် ရိပေါ်စိတ်ထင် ကျယ်ဝန်းလှသည့် ခြံကျယ်ကြီးလို့ပဲ မြင်နေသည်။ ဘာလို့ဆို ရှန်းရှန်းကျဲတို့ ခူးနေသည့် စပျစ်သီးတို့၊ မာလကာသီးတို့ဆို စိုက်ပျိုးသီးတွေမှန်း သေချာသည်။ အဲ့အခင်း ဟိုဘက်ကို သွားရင်လဲ အခြားစိုက်ပျိုးသီးတွေ ရှိလိမ့်မည်။

For..Where stories live. Discover now