For...

9.1K 808 15
                                    

ဒီနေ့ စိတ်အ‌ေခြအနေ အဆင်ပြေပုံမရသည့် ရိပေါ်ကို ဟယ်ရီတို့မှာ သေချာစောင့်ကြည့်နေရသည်။ ညနေကလဲ အပြင်ကကောင်တွေနဲ့ ချိန်းပွဲဖြစ်ပြီးပြီ။ အဲ့ကနေ ကလပ်တန်းလာကာ မူးရူးနေလေသည်။

ဝမ်ရိပေါ် ဒေါသထွက်နေချိန် သူတို့လဲ မမေးရဲ။ ရိပေါ်က စိတ်မထင်ရင် မထင်သလို ထထကြမ်းတတ်သည်။အခုလဲ Dancing floorထဲ ဆင်းကနေကာ ဘေးကကောင်မလေးတွေ အများကြီးဖြင့်။

ဝတ်ထားသည့် ရှပ်အမဲလေးကလဲ ကြယ်သီးသုံးလုံးလောက် ဖြုတ်ထား၍ ရင်ဘတ်တွေ၊ ညှပ်ရိုးတွေကို အထင်းသား မြင်နေရလေသည်။ လက်မြှောက်ကလိုက်တိုင်း ပေါ်လာသည့် ဗိုက်သားချပ်ချပ်လေးတွေ။

*အာ့..!*

*မင်း စောက်လုံးကန်းနေလား*

ဟယ်ရီတို့ ဝီစကီထိုင်သောက်နေတုန်း Dancing floorက ရုတ်ရုတ်သဲသဲ အ‌ေခြအနေကြောင့် ထိုနေရာကို အမြန်ပြေးသွားမိသည်။

‌သူတို့ထက် အနည်းငယ် ကြီးပုံရသည့် ဘဲကြီး၏ လည်ပင်းစကို ဆွဲစုပ်ထားသည့် ရိပေါ် ။ ထိုဘဲကြီးကလဲ ခေသူမဟုတ်မှန်း သူ့အနောက်က ရပ်နေသည့် ခပ်ထွားထွား ဘဲကြီးငါးယောက်ကို ကြည့်နေရုံနှင့်တင် သိသာသည်။

*အလှလေးက အစွာလေးကွာ ဟေ့ကောင်တွေ*

*_ီးကို အလှလေး*

အပြောထက် မြန်သည်က ရိပေါ်၏ လက်ပင်။ ထိုဘဲကြီး၏ မျက်နှာကို လက်သီးဖြင့် ပင့်ထိုးပစ်လိုက်လေသည်။ ဘေးနားက ဝိုင်းနေသည့် လူတွေကလဲ ရိပေါ်၏ ထိုးချက်ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားကာ လန့်သွားသလို အော်ကုန်ကြလေသည်။

*အဟက်..လက်စကတော့ ပြင်းသားပဲ*

ဟယ်ရီတို့လဲ ရိပေါ်အနောက် အသင့်အနေအထားနှင့် ရပ်ကာ ထိုအခြေအနေကို အကဲခတ်နေမိသည်။ ထင်မှတ်မထားစွာ ထိုဘဲကြီးက ရိပေါ်လက်ကို အားနဲ့ဆွဲဖယ်ကာ ရိပေါ်၏ မျက်နှာကို လက်သီးနှင့် ထိုးလိုက်လေသည်။

*ရိပေါ်*

ထိုဘဲကြီး၏ လက်သီးသည် ရိပေါ်၏ မျက်နှာကို မထိုးမိခင် လမ်းခုလတ်မှာ ရပ်တန့်သွားလေသည်။ ထိုဘဲ၏ လက်သီးကို ဖမ်းဆုပ်ထားသည်က ရှောင်းကျန့်ဆိုသည့်သူ။

For..Where stories live. Discover now