For...

7.6K 629 50
                                    

ရိပေါ်ရှေ့တွင် ရှိနေသော ရှောင်းကျန့်သည် ပတ်တီးပေါင်းများစွာဖြင့်။ တစ်ပတ်နေမှဆက်သွယ်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့် ဆေးရုံပေါ်က ဆင်းကာ အဆိုးလေး ချိန်းသည့် နေရာသို့ လာခဲ့ရသည်။

ရှောင်းကျန့် စိတ်ထဲတွင် တစ်ပတ်လုံးလုံး အဆိုးလေးကို ပစ်ထားမိ၍ ကိုယ့်ကိုယ်ကို စိတ်မလုံသလိုပင်။ ပြီးတော့ ရှောင်းကျန့်ကိုယ်ပေါ်က ဒဏ်ရာတွေကို လိုက်ကြည့်နေသည့် အဆိုးလေးကြောင့် ရှောင်းကျန့် ဘာမှမဖြစ်သလို ရယ်ပြနေမိ၏။

ထိုနေ့က အလုပ်က ဘာအကြောင်းပြချက်မှ မရှိပဲ ထုတ်ခံလိုက်ရသလို အိမ်ပြန်လာသည့် လမ်းတွင် လူတစ်စု၏ ဝိုင်းရိုက်ခြင်းကို ခံခဲ့ရသည်။

*ရှောင်းကျန့်*

ရိပေါ် အတတ်နိုင်ဆုံး စကားသံကို မတိမ်သွားအောင် သတိထားနေရသည်။ ဖူးယောင်နေသည့် မျက်နှာက တစ်ပတ်ကြာသည်အထိတောင် ကောင်းကောင်း မပျောက်ချင်သေး။

ပတ်တီးပေါင်းများစွာဖြင့် ရယ်ပြနေသည့် ‌ငအူကောင်က ဘယ်လောက်တောင် နာကျင်နေမလဲ။ ရိပေါ် ရင်တွေနာသည်။ ရှောင်းကျန့် အခုလို ဖြစ်ရတာ သူနဲ့ပတ်သတ်မိလို့။

*ပြောလေ အဆိုးလေးရဲ့*

*လမ်းခွဲရအောင်*

စကားလုံးလေး လေးလုံးထဲပေမယ့် ရှောင်းကျန့် ကမ္ဘာကြီး ရပ်တန့်သွားသလို။ သူ နားကြားမှားသည်ထင်၍ အဆိုးလေး၏ မျက်နှာကို ကြည့်ကာ ရယ်လိုက်ရင်း

*ဘာပြောလိုက်တာလဲ အဆိုးလေးရဲ့။ ကိုယ်သေချာမကြားလိုက်ရဘူး*

*လမ်းခွဲရအောင် ရှောင်းကျန့်*

ရှောင်းကျန့် မျက်နှာက ပျက်သွားကာ ခနနေမှ ဘာမှမဖြစ်သလို ပြန်ရယ်လာရင်း

*အာ..အဆိုးလေး ကိုယ်..ကိုယ် ဘာလုပ်မိလို့လဲ။ အော် တစ်ပတ်လုံး ပစ်ထားမိလို့ စိတ်ဆိုးနေတာလား။ ကိုယ် တစ်ပတ်လုံးလုံး ဆေးရုံရောက်နေလို့ပါ အဆိုးလေးရဲ့။ နောက်ဆို အဆိုးလေးကို ပစ်မထားဘူးလေကွာ နော်*

ရိပေါ် ကျချင်လာသည့် မျက်ရည်တွေကို မျက်တောင်ဖျားဖြင့် ပုတ်ခက်သိမ်းဆည်းလိုက်သည်။

For..Where stories live. Discover now