For...⚠⚠⚠

11.6K 587 36
                                    

ဖြူအိကာ နှင်းဆီနီတွေ ကြဲချထားသည့် King size မွေ့ယာကြီးသည် ရိပေါ်တို့အား ကြိုဆိုနေ၏။ ကုတင်ဘေးတွင် လိုက်ကာ အဖြူရောင်တွေကို တစ်ဖက်တစ်ချက်ဆီ ကြိုးဖြူဖြူလှလှလေးတွေဖြင့် ချည်နှောင်ထားကာ ဝိုင်ခွက်လေး နှစ်ခွက်သည် ပန်းပွင့်တွေအကြား စားပွဲပေါ်တွင် လှပစွာ တည်‌ရှိနေ၏။ ရိပေါ် မျက်နှာလေးသည် ရဲခနဲ ဖြစ်သွားကာ ဒင်နာမှာ ဝတ်ခဲ့သည့် 2suit အနက်ရောင်လေးကို ချွတ်ကာ ချိတ်တွင် သေချာချိတ်လိုက်သည်။

ရိပေါ်က ခေါင်းမူး၍ ထိုပွဲက ထွက်လာခြင်းဖြစ်ကာ ကျန်နေသည့်သူတွေကလဲ ကိုကို့အသိတွေသာ ရှိတော့သည်။ အားလုံးကို နှုတ်ဆက်ခဲ့ပြီး ခွင့်တောင်းကာ ရိပေါ် အနားယူခြင်းဖြစ်သည်။ ကိုကိုကတော့ သေချာပေါက်ပင် သူငယ်ချင်းတွေဝိုင်းတိုက်သည့် အရက်တွေကို သောက်ရအုံးမှာ သေချာ၏။

ရိပေါ် စတိုင်လ်ပန်ကိုပါ ချွတ်ပြီး ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ မနက်ပွဲနှင့်၊ ညဒင်နာပွဲ ဆက်နေသည်မို့ ရိပေါ် ပင်ပန်းနေလေပြီ။ မနက်ပွဲကတော့ ကိုကိုနှင့် တကယ်ခင်ကာ လုပ်ငန်းပတ်သတ်မှုအရ အရေးကြီးသည့် သူအချို့ကိုသာလျှင် ဖိတ်ခဲ့ပြီး အကျဉ်းချုံးဖြစ်သည်။ ဒါတောင် မီဒီယာတွေကို မဖိတ်ခဲ့။ ည ဒင်နာပွဲကတော့ အသိအားလုံးကို ဖိတ်ရကာ 7နာရီနာက စလိုက်တာ 12နာရီပင် ထိုးလုနေပြီ။

ရိပေါ်ရေချိုးပြီး ပြန်ထွက်လာတော့ ဆိုဖာပေါ်တွင်ထိုင်ကာ ဝိုင်ခွက်ကို အနည်းငယ်လှုပ်ရမ်းကာ သောက်နေသည့် ကိုကို။ ရိပေါ် တစ်ကိုယ်လုံးတွင်တော့ ခါးတွင် တဘက်တစ်ထည်သာ ရှိသည်။

*ရေချိုးပြီးတာလား အဆိုးလေး*

ကိုကိုသည် မူးနေပေမယ့် ဟန်မပျက်အောင် ထိန်းနိုင်၏။ ဆက်ခနဲ ထလိုက်၍ အနည်းငယ် ယိုင်ချင်သွားသည့် ခန္ဓာကိုယ်အား ဆိုဖာဘောင်ကို လက်ထောက်ကာ ထိန်းထားလေသည်။

ရိပေါ် နှာခေါင်းလေး ရှုံ့ကာ

*အရက်တွေ အများကြီးသောက်လာတာလား*

*နည်းနည်းပါ အဆိုးလေးရဲ့*

ကုတ်ကိုချွတ်ကာ အောက်ကရှပ်အဖြူ၏ ကြယ်သီးတွေကိုလဲ ဖြုတ်နေသည့် ကိုကိုပင်။ ရိပေါ်အနားတိုးလာ၍ ရိပေါ် အနည်းငယ် နောက်ဆုတ်လိုက်သည်။ ကိုကိုက နည်းနည်းဆိုပေမယ့် ကိုကို့ဆီက ရနေသည့်အရက်နံ့သည် ရိပေါ်ဆီကိုပင် ကူးစက်လာလေသည်။

For..Where stories live. Discover now