For...

8.2K 591 33
                                    

ကွမ့်ကျွင်း ဘော့စ် လက်ဆောင်ပေးထားသည့် အိမ်ကြီးဆီ ဘော့စ်က ခွင့်ပေးကာ  ဇွတ်သွားကြည့်ခိုင်းနေ၍ ကွမ့်ကျွင်း ရောက်လာခဲ့သည်။ နှစ်ထပ်တိုက်ကြီးသည် ထိုအထက်တန်းလွှာ ရပ်ကွက်တွင်တော့ တကယ့်ကို အကြီးမား၊ အခန့်ညားဆုံးလို့တောင် ပြောလို့ရ၏။ ခဲရောင်နှင့်၊ အဖြူကို ရောစပ်ကာ သုံးထားပြီး ဝရံတာတွင် အလှ ပန်းပင်ပေါင်းများစွာ။ ကွမ့်ကျွင်း တစ်ကယ်ကို သဘောကျ၏။ တစ်ယောက်ထဲ နေရတဲ့သူမို့ ဒီအိမ်ကြီးသည် သူ့အတွတ်တော့ ကြီးမားလွန်းနေ၏။

မောင်နှမဆွေမျိုးလဲ မရှိသည့်ဘဝမို့ သူ့မှာ ဘယ်သူ့မှလဲ အိမ်ပေါ် ခေါ်တင်ထားစရာမလို။ အိပ်ခန်းထဲ ဝင်ကြည့်လိုက်တော့ သူကြိုက်သည့် ခဲရောင်အခင်းအကျင်းတွေဖြင့်။ ဘော့စ်က တစ်ကယ်ကို သူ့အတွတ်ကောင်းမွန်သည့် အကိုတစ်ယောက်လိုပင်။ စိတ်တိုင်းမကျလျှင် ဆူသည်၊ငေါက်သည်။ သိူ့ပေမယ့် ကွမ့်ကျွင်းတော်လျှင်လဲ ဝယ်ပေးသည်များက မနည်းမနော။ ငါ့မှာ ထောက်ပံ့စရာ လူမရှိဘူး ဟုဆိုကာ ကားလဲ ဝယ်ပေးထားတာ နှစ်စီးပင် ရှိနေလေပြီ။

ကွမ့်ကျွင်း ပိုက်ဆံတွေကို ကဒ်တွေလုပ်ပေးထားကာ ထိုအထဲတွင် ပိုက်ဆံက သန်းချီနေပြီ။ ကွမ့်ကျွင်းကိုယ်တိုင်က အပျော်မစားမမက်ပဲ ပိုက်ဆံကုပ်စုရတာကိုသာ သဘောကျသည်မို့ သူ့ပိုက်ဆံတစ်ဝက်ကို ဘော့စ်၏ ကုမ္ပဏီတွင် ရှယ်ယာထည့်ထားသေးသည်။

ကွမ့်ကျွင်း အိပ်ယာပေါ်လှဲကာ ခနနေမှ ထမတ်တပ်ရပ်ပြီး မှန်တွေကိုကာရံထားသည့် လိုက်ကာစ မီးခိုးရောင်ကို ဆွဲဖယ်လိုက်သည်။

အပြင်က မြင်နေရသည့် မြင်ကွင်းကိုပင် သူ သဘောတကျကြည့်နေမိ၏။ လူတစ်ယောက်..။ အတိအကျဆို သန်မာကြံ့ခိုင်လွန်းသည့် သူတစ်ယောက်။ ကွမ့်ကျွင်းထက် ကြီးပုံလဲ ရကာ ခန္ဓာကိုယ်က အတော်ကို တောင့်တင်း၏။

*ဝါးးး*

ဘောလီဘော ပုတ်နေသည်မှာ ကြည့်ရသူပင် မျက်နှာလွှဲချင်စရာမရှိ။ သန်မာသည်။ သွက်လက်သည်။ထိုခြံဝန်းကျယ်ကြီးကတော့ ကွမ့်ကျွင်း၏ ယခုအိမ်ထက် အတော်ကို ကြီးပြီး ဒီရပ်ကွက်တွင်တော့ အကြီးမားဆုံး ဖြစ်နိုင်သည်။ ကွမ့်ကျွင်းက ထိုဘက်အခြမ်းကို မကြည့်မိ၍ သူ့အိမ်ကို အကြီးဆုံးလို့ ထင်လိုက်မိတာဖြစ်သည်။

For..Where stories live. Discover now