For...

9K 752 45
                                    

ရှောင်းကျန့်၏ ကားလေးသည် ရိပေါ်၏ တိုက်ခန်းအလွှာရှေ့ ရပ်တန့်ပေးလာလေသည်။ ဘာမှမပြောပဲ ရိပေါ် ကားပေါ်က ဆင်းမည်အလုပ် လက်ကောက်ဝတ်ကို ဆက်ခနဲ ပြန်ဆွဲခံရပြန်သည်။

*အာ့.!*

သူ အားနဲ့ဆွဲထား၍ ရိပေါ်၏ လက်ကောက်ဝတ်မှာ နာကျင်နေတာကို ထပ်ပြီး ဆောင့်ဆွဲခံလိုက်ရ၍ မျက်ရည်ပင် ကျချင်လာသည်။ ရိပေါ်သည် သူ့ရှေ့ဆို အလိုလိုကို ပျော့ညံ့လာ၏။

*ငါ နာတယ် ရှောင်းကျန့်။ ဘာလို့ ဆွဲထားပြန်တာလဲ*

ရိပေါ် နာလွန်းလို့ ထုတ်ပြောမိသည်အထိ။ ရိပေါ်ပြောမှပင် ပို၍ ဖိဆုပ်ကိုင်လာသည့် ရှောင်းကျန့်ကြောင့် ရိပေါ် မျက်ခုံးလေးတွေ စုကြုံ့သွားကာ မျက်ရည်ပင် ကျလာမိသည်။

*ငါ့အိမ်မှာ လာနေမလား..ငါ့ဝေယျာဝစ္စလုပ်ပေးတဲ့ သူအနေနဲ့။ အခု မင်းနေနေရတဲ့ ဒီစုတ်ပြတ်နေတဲ့ အခြေအနေထက်စာရင်တော့ စောက်ရမ်း နေပျော်ဖို့ ကောင်းမှာပါ*

ရှောင်းကျန့် ဘာကို ဆိုလိုမှန်း ရိပေါ်သိသည်။ သူ့ကို အိမ်အကူတစ်ယောက်လို သူ့အိမ်ခေါ်ပြီး အလုပ်တွေ လုပ်ခိုင်းချင်နေပုံပင်။

*ငါက ငါ့ဘဝကငါ အကောင်းဆုံး ရပ်တည်နိုင်ပါတယ်။ မင်း စိတ်ပူပေးစရာ မလိုပါဘူး*

ရှောင်းကျန့်ဆီမှ ဟက်ခနဲ ရယ်သံ ကြားလိုက်ရကာ လက်ကောက်ဝတ်ကို ပို၍ ဆောင့်ဆွဲလာ၍ ရိပေါ်မျက်နှာသည် သူနှင့် နီးကပ်သွားရ၏။

သူ့အသက်ရှူသံတွေကတောင် ရိပေါ် မျက်နှာကို ရိုက်ခတ်နေသည်။ ဆေးလိပ်နံ့နှင့် အရက်နံ့တွေ ထွက်နေသည့် ကြားက ကိုယ်သင်းနံ့ သင်းသင်းလေးက ရိပေါ်နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

*စိတ်ပူတယ်..ငါကလား မင်းကို။ မင်းနဲ့ငါက ဘာပတ်သတ်မှု ရှိလို့ စိတ်ပူရမှာလဲ ဝမ်ရိပေါ်ရ။ ငါ့အိမ်မှာ အိမ်အကူတွေ လိုနေလို့ မင်းကို ခေါ်တာ*

ရိပေါ် ဖြတ်ခနဲ ရှောင်းကျန့်ကို ကြည့်လိုက်သည်။ အရည်ရွှမ်းနေသည့် အကြည့်တွေက မထီမဲ့မြင်။ နှုတ်ခမ်းပေါ်က အပြုံးတွေက ခနဲ့တဲ့တဲ့။ ရိပေါ် ကို အထင်သေးသလို ကြည့်နေသည့် သူ့လက်ထဲကနေ ပြန်ဆောင့်ရုန်းလိုက်ပေမယ့် သူက မလွှတ်ပေးပဲ ပြန်ဆုပ်ကိုင်လာသည်။

For..Where stories live. Discover now