For...

7.9K 685 22
                                    

*ခေါက်ဆွဲပြုတ်ကျွေး* ဆိုသည့် ရိပေါ်ကြောင့် ရှောင်းကျန့် လက်ထဲမှာ ရှိသည့် ပိုက်ဆံအနည်းငယ်ကို ကိုင်ဆုပ်ကာ သူတို့ရပ်ကွက်နားမှာ ရှိသည့် ဈေးဆိုင်လေးသို့ ထွက်လာပြီး အမဲသားနှင့် ဝက်သုံးထပ်သားလေးကို ဝယ်လာခဲ့သည်။

အိမ်မှာက ကြက်ဉတွေ ရှိလို့ တော်သေးသည်။ ရှောင်းကျန့်တို့ မြေးအဖွားနှစ်ယောက်လုံးက အစားချွေတာပေမယ့် အဖွားကိုတော့ ရှောင်းကျန့် အစားအသောက်ကောင်းတွေ ကျွေးဖြစ်သည်။

အမြဲတစ်ယောက်စာပဲ အသားတွေ ဝယ်ထား၍ ရိပေါ်ကို ခေါက်ဆွဲပြုတ်ကျွေးဖို့က အရွက်အနည်းငယ်နှင့်၊ ကြက်ဉသာ ရှိတော့သည်။

*ဘယ်သွားတာလဲ*

အိမ်ရှေ့တည့်တည့်မှာ လက်ပိုက်ကာ ရပ်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့် လန့်သွားရ၏။ လက်ထဲက အသားတွေကိုလဲ အနောက်ကို ဖွက်လိုက်မိတာ ဘာကြောင့်မှန်းမသိ။

*ဟို..ဟိုဘက်က ပြန်လာတာပါ အဆိုးလေးရ*

ရိပေါ်က မျက်ခုံးတွေ စုကြုံ့ကာ ရှောင်းကျန့်၏ လက်ကို အားနဲ့ဆွဲယူလိုက်ပြီး မြင်လိုက်ရသည့် အရာကြောင့် ရှောင်းကျန့်ကို စူးရဲစွာ ကြည့်လာလေသည်။

*ဒါတွေက ဘာလုပ်ဖို့ ဝယ်လာတာလဲ*

*ဘာမှမလုပ်ပါဘူးကွာ။ အဆိုးလေးကလဲ*

*ငါ ခေါက်ဆွဲပြုတ်ခိုင်းလို့ ခေါက်ဆွဲပြုတ်ထဲ ထည့်မလို့မလား..ငါ့ကို မညာနဲ့နော်*

ညာလို့မရမှန်း သိသည်နှင့် ရှောင်းကျန့် အသာ သွားဖြီးပြကာ

*ကိုယ်က မင်းကို အစားကောင်းလေးကျွေးချင်လို့ပါ။ ကိုယ့်အိမ်မှာက အသီးအရွက်ရယ်၊ ကြက်ဉရယ်ပဲ ရှိတာ*

ရိပေါ် ဒေါသထွက်ပေမယ့် ရှောင်းကျန့်၏ စေတနာနှင့် ရိပေါ်၏အပေါ်ကို ထားသည့် စိတ်ကြောင့် ပြောချင်သည့် စကားတွေတောင် ထွက်မလာပဲ ငအူကောင်၏ လက်ကို ဆွဲကာ အိမ်ထဲ ခေါ်လာခဲ့သည်။

*အဲ့ အသားတွေကို အဖွားဖို့ ထားလိုက်။ ငါ အသားတွေ မစားချင်ဘူး..အရွက်နဲ့ပဲ ပြုတ်ပေး..ကြက်ဉမထည့်နဲ့*

For..Where stories live. Discover now