For..

9.8K 704 95
                                    

*ကိုယ် ညလာကြိုရမယ်လေ*

*မလာပါနဲ့။ မင်း ဂျပန်က ဧည့်သည်တွေနဲ့ ချိန်းထားတာ ရှိသေးတာကို*

ရိပေါ်ကို ညအချိန်ပိုင်း အလုပ်ဝင်ပို့ကာ အပြန်လာကြိုရန် ပူဆာနေခြင်းပင်။ အရင်က သူ့မှာအချိန်ရှိ၍ လာကြို၊ လာပို့တာက ကိစ္စမဟုတ်ပေမယ့် ဒီနေ့ ဂျပန်က ဧည့်သည်တွေ ညတွင်းချင်း ရောက်မှာဖြစ်သည်။

*အင်းပါ..ဒါဆို အဆိုးလေး အထဲဝင်လေ။ အဆိုးလေး သွားမှ ကိုယ်ပြန်မယ်*

ရှောင်းကျန့်အကျင့်က အမြဲထိုလိုပင်။ ရိပေါ်ကို ဘယ်အချိန်လိုက်ပို့ပို့ ရိပေါ် သူ့မြင်ကွင်းထဲက ပျောက်ပြီး အထဲကို အေးအေးဆေးဆေးရောက်သွားမှ ပြန်သွားလေ့ရှိ၏။ မေးတိုင်း ကိုယ့်မျက်စိတစ်မှိတ်အတွင်း မင်းတစ်ခုခုဖြစ်မှာ စိုးလို့တဲ့။

ဖြူလွှလွှအရိပ်ကလေး ဆိုင်ထဲဝင်သွားမှ ရှောင်းကျန့် ကားကို အနောက်ပြန်လှည့်ကာ ကုမ္ပဏီဆီ ဦးတည်ရ၏။ ရိပေါ်ကို ဝမ်အိမ်တော်ကို ပြန်ဝယ်ပေးဖို့ ကြိုးစားပေးနေပေမယ့် ရိပေါ်က သူ့ဝင်ငွေနဲ့ သူဝယ်ချင်သည်တဲ့။ ရှောင်းကျန့် ဘယ်လောက်ပြောပြောမရတဲ့ အဆိုးလေး။

အဲ့တာကြောင့် ရှောင်းကျန့် ရိပေါ်အား လစာတိုးပေးပစ်တော့မှ ဘယ်လိုမှငြင်းလို့မရ၍ လက်ခံခဲ့သည်။ ဝမ်အိမ်တော်ကို ရောင်းဖို့ ဦးလေးယွဲ့ဆီသွားပေမယ့် ထိုအိမ်တော်က သူ့အပိုင်မဟုတ်တော့ဘူးတဲ့။ ဘေဘီ့ကို စာချုပ်စာတန်းတွေနဲ့ လွှဲပေးလိုက်သည်ဆို၍ ရှောင်းကျန့် ပိုလို့တောင်အဆင်ပြေသွား၏။

ဘေဘီက ရှောင်းကျန့်ပြန်ဝယ်လျှင် နှစ်ခါတောင်ငြင်းမည်မဟုတ်။ အခုလောလောဆယ်က ဝယ်၍မရသေး။ ဘေဘီက ကျောင်းကိစ္စနဲ့ ဟိုကိုပြန်သွားနေရ၍ မနက်ဖြန်မှ ရောက်မည်လို့တော့ ကြားသည်။။ရှောင်းကျန့် ထိုအချိန် ဘေဘီ့ဆီသွားကာ အိမ်တော်ကြီးကို ပြန်ရောင်းဖို့ ပြောရမည်။

*အကုန်ရောက်ပြီလား ကွမ့်ကျွင်း*

ကုမ္ပဏီဆင်ဝင်‌ေအာက်မှာ စောင့်နေသည့် ကွမ့်ကျွင်းကြောင့် ရှောင်းကျန့် ကားပေါ်က ဆင်းလာကာ မေးလိုက်၏။ ကွမ့်ကျွင်းက ခေါင်းညိမ့်ကာ

For..Where stories live. Discover now