For..

8.4K 707 43
                                    

*ကိုကို..*

ရိပေါ်၏ တိုက်ခန်းရှေ့တွင်ရောက်နေသော ချွမ့်ဟွေးသည် ရိပေါ်ကို မြင်တာနှင့် ဝုန်းခနဲ ထရပ်ကာ မျက်နှာငယ်လေးဖြင့်။ ရိပေါ် မမြင်ချင်ယောင်ဆောင်ကာ သွားမည်လုပ်တော့ ရှေ့ကနေ ပိတ်ရပ်ထားပြီး မျက်ရည်တွေ ရစ်ဝဲနေသည်။

ရိပေါ် ချွမ့်ဟွေးကို အကြာကြီးစိတ်မဆိုးပေမယ့် မဆင်မခြင်ပြုလုပ်လိုက်သည့် အပြုအမူကြောင့် ဒေါသထွက်သည်။ အဲ့တာကြောင့်လဲ ချွမ့်ဟွေးနဲ့‌မတွေ့အောင်ရှောင်ကာ ရိပေါ်နေနေခြင်းဖြစ်သည်။

ငါးရက်မြောက်နေ့တွင်တော့ ရိပေါ်တိုက်ခန်းရှေ့ ရောက်လာသည့် ချွမ့်ဟွေးပင်။

*ငါ မင်းနဲ့ စကားမပြောချင်ဘူး ချောင်ချွမ့်ဟွေး*

ရိပေါ် ခပ်ပြတ်ပြတ်ပြောကာ ထွက်သွားမည်လုပ်တော့ ရိပေါ် ခါးကိုတင်းကြပ်စွာ ဖက်လာသည့် လက်ရဲရဲလေး။ ရိပေါ်လဲ ချွမ့်ဟွေးကို ချစ်ပါသည်။ တကယ့်ညီလေးအရင်းလိုကို ချစ်သည်။ မောင်နှမဆွေမျိုးတွေ မရှိတော့သည့် သူမို့ ချွမ့်ဟွေးကို တကယ့်ညီလေးလို သတ်မှတ်ကာ ချစ်နေရတာ။ ဒါပေမယ့် ရိပေါ်၏ ဖြူစင်သည့်အချစ်တွေကို စော်ကားခံလိုက်ရသလိုပင်။

*ကိုကို့..! ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မဆင်မခြင် လုပ်လိုက်မိတဲ့ အရာအတွတ် တကယ်တောင်းပန်ပါတယ်။ ကိုကို့ကို ထားပြီး ဘမ်ဆိုတဲ့ကောင်နဲ့ ဟိုဘဲက ပျော်နေလို့ ကျွန်တော် ကိုကို့အစား ဒေါသထွက်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိတာပါ ကိုကို*

ငိုသံပါနှင့် ရှင်းပြနေကာ ရိပေါ်၏ ခါးတွေကိုလဲ လွတ်ထွက်သွားမှာ ကြောက်သည့်ပုံဖြင့် မရမက ဆွဲဖက်ထားသေးသည်။ ခနအကြာ ရိပေါ် ဘာမှပြန်မပြောတော့ တဟီးဟီးနဲ့ ငိုချလာ၏။ ချောင်ချွမ့်ဟွေးက ရိပေါ်အတွတ်တော့ တကယ့်ပိဘိကလေးလေးပင်။

*ငါ့ကို နောက်တစ်ခါ ကိုယ်ထိလက်ရောက် မပြောနဲ့ စိတ်နဲ့တောင် မပစ်မှားနဲ့*

ရိပေါ် ခပ်မာန်မာန်ဆူလိုက်တော့ တဆက်ဆက်ညိမ့်ပြလာသည့် ခေါင်းမှာ ပြုတ်ထွက်မတတ်ပင်။ ရိပေါ် နှုတ်ခမ်းလေးက တွန့်ကွေးသွားကာ ချွမ့်ဟွေးလက်ကနေဆွဲကိုင်ပြီး သူ့ရှေ့ကို လာရပ်စေသည်။ မျက်ရည်တွေဖြင့် ပေတလူးနေသည့် ချွမ့်ဟွေးမျက်နှာကို ရိပေါ် အုပ်ကိုင်လိုက်ကာ

For..Where stories live. Discover now