For..

9.8K 740 88
                                    

နောက်နေ့ကျ ရိပေါ်ကို သူက အိမ်ပြန်လိုက်ပို့သည်။သူ့အိမ်မှာ နေနေရသည့် တစ်လျှောက်လုံး ရိပေါ်ကိုတော့ သေချာ ဂရုစိုက်သည်။ ဒီနေ့လဲ ဂျပန်က ဧည့်သည်တွေနဲ့ တွေ့ရမည်ကို ရိပေါ်ကို လမ်းကြုံသည်ဆိုပြီး လိုက်ပို့ပြန်သည်။ အချိန်ရလျှင်တော့ သူ့ကို ရိပေါ် ကော်ဖီတိုက်ခန်းပေါ်ထိ ခေါ်ကာ တိုက်မည်ဟု စဉ်းစားထား၏။ ရိပေါ်နေသည့် တိုက်ခန်းရှေ့ ကားလေးရပ်သွားသည်နှင့် သူ့ဘက်ကို လှည့်ကာ

*ကျေးဇူးတင်ပါတယ်*

*ရပါတယ်။ ငါ့ဝတ်တရားရှိလို့ လုပ်ပေးတာ*

သူပြောတာလဲ တစ်ဝက်လောက်က မှန်နေ၍ ရိပေါ် သူပြောတာကို လက်ခံကာ ခေါင်းညိမ့်လိုက်သည်။ သူဋေးနဲ့ ဝန်ထမ်းဆိုသည့် ဆက်နွှယ်မှုကြောင့် အခုလို လုပ်ပေးတာမှန်း ရိပေါ် နားလည်လိုက်သည်။

အခုများ ရိပေါ်သာ သူ့အလုပ်ထဲမှာ မဟုတ်လျှင် သေချင်သေ၊ ရှင်ချင်ရှင် ပစ်ထားမည် ဆိုသည့်သဘော။ ရိပေါ် သူ့ကားပေါ်က ဆင်းလိုက်သည်နှင့် သူ့ကားလေးသည် ရိပေါ်အနားက တန်းကနဲ ထွက်သွားသည်။

ရိပေါ် ပြောမည့်စကားလေးပင် မပြောလိုက်ရ။နေမကောင်းသူမို့ ရိပေါ် အားငယ်စိတ်ဝင်လာသည်။ သူ့မှာ ရှောင်းကျန့်ပဲ ရှိသည်။ ဒါတောင် ရှောင်းကျန့်က သူ့အနား ခနလေးတောင် နေချင်ပုံမရ။ သူ့အိမ်ကို ရိပေါ်ကို ခေါ်ထားတုန်းကလဲ ဘယ်လောက်များ ရိပေါ်ကို ပြန်ခိုင်းချင်နေမလဲ။

တစ်ဖြေးဖြေး ရှောင်းကျန့်အပေါ်ထားသည့် ရိပေါ်၏ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားတော့၏။

*အဟမ်း.!*

ကားပေါ်က ဆင်းလာသည့်သူသည် ခေါင်းငုံ့ကာ လျှောက်နေသည်မို့ ချွမ့်ဟွေးကို မမြင်ပုံပင်။ ချွမ့်ဟွေးနားက ဖြတ်ကာ အပေါ်တက်တော့မည် ပြင်နေ၍ သူ အသံပေးလိုက်သည်။ သူအသံသာ မပေးလျှင် ချွမ့်ဟွေး ရှိနေမှန်းတောင် သိမည်မဟုတ်။

*မင်း..*

ချွမ့်ဟွေးဘက်ကို ခေါင်းလေးလှည့်လာကာ ချွမ့်ဟွေးကို မြင်သည်နှင့် အံ့ဩသလိုလေး ဖြစ်သွားသလို နှုတ်ခမ်းတွေ ဟ သွားလေသည်။ သို့ပေမယ့် ချွမ့်ဟွေးဆီ မလာပဲ ထိုနေရာမှာပဲ ရပ်နေ၍ ချွမ့်ဟွေး ထိုလူ့ဆီ သွားလိုက်သည်။

For..Where stories live. Discover now