For...

9.2K 768 53
                                    

အလုပ်လာတဲ့တစ်လျှောက် တဝါးဝါး သန်းနေသည့် ရိပေါ်ကို ရှန်းရှန်းက ကော်ဖီဗူးလေး လှမ်းပေးလေသည်။

*အိပ်ချင်နေတာလား ဝမ်လေး*

မျက်ဝန်းလေးတွေ ရဲတွတ်ကာ မျက်ရည်စလေးတွေပင် ထွက်နေသည့် ရိပေါ်ကို ရှန်းရှန်း သေချာကြည့်ကာ မေးလိုက်၏။ ဝမ်လေးက တစ်ယောက်ထဲ နေပေမယ့် ပိုက်ဆံကို စုလွန်းသည်။

သူမမှာလဲ မောင်လေးတစ်ယောက်ရှိကာ နယ်မှာပဲမို့ ဝမ်လေးကို သူမမောင်လေးလို ချစ်သည်။

*ညက အချိန်ပိုင်းက နည်းနည်းနောက်ကျသွားလို့ ကျဲ။ ပြီးတော့ မနက်ဖြန် အပြီးအပ်ရမယ့် စာရင်းတွေက ရှိသေးတာလေ*

*အလုပ်လုပ်တာကတော့ ဟုတ်ပါပြီ။ အစားလဲ ပုံမှန်စားအုံး ကိုယ်တော်လေး။ လူက တစ်ကိုင်ပေါက်စာပဲ ရှိတော့တယ်*

သူမကို လှည့်ရယ်ပြလာသည့် ဝမ်လေးက ပါးမို့လေးတွေ တက်လာသည်အထိ။ ဆံပင်တိုလေး ညှပ်ထား၍ ပါးလုံးလုံးလေးတွေက ထင်းထွက်နေကာ နှုတ်ခမ်းလေးတွေကလဲ နီရဲတွတ်နေသည်။

ဝမ်လေးကို သူမစတွေ့တုန်းက သူဋေးသားလေး ထင်နေခဲ့တာ။ ခြေထောက်လေးတွေ၊လက်လေးတွေဆိုဖွေးဉနေကာ ထိရက်စရာပင် မရှိ။ အခုလဲ ထိုအတိုင်းပင်။

ဝမ်လေးက အဖြူလုံးလေးဖြစ်သည်။

*C..CEO မဂ်လာပါ*

ဓာတ်လှေကားစောင့်နေရင်း သူမတို့အနားက ဖြတ်သွားသည့် CEOကြောင့် သူမအလျင်အမြန်ပင် ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။

သူမအသံကြားမှဝမ်လေးက ခေါင်းလေးငုံ့ကာ အရိုအသေပေးလေသည်။

*ဒီဓာတ်လှေကားက ၃လွှာကို ရောက်တာမလား*

*ဟုတ်..ဟုတ်ပါတယ် CEO*

အေးစက်စက် ထွက်လာသည့် CEOအသံကြောင့် ရှန်းရှန်း ကမန်းကတန်း ပြန်ဖြေလိုက်မိ၏။ ဘေးက ဝမ်လေးကတော့ ခေါင်းငုံ့နေတာ မော့ပင်မလာတော့။ သူမလိုပဲ ဝမ်လေးလဲ ကြောက်နေသည်ထင်။

ဘေးက ဖြတ်သွားသည့် ဝန်ထမ်းတွေကလဲ CEOကို မြင်သည်နှင့် ပြောလက်စတွေရပ်ကာ ကမန်းကတန်း နှုတ်ဆက်ကြလေသည်။ CEOကတော့ ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ မတ်မတ်ရပ်နေဆဲ။

For..Where stories live. Discover now