For...

11.5K 838 154
                                    

ရုံးခန်းထဲမှာ နမ်းထားသည့် ကိစ္စဖြစ်ပြီးနောက်ရိပေါ်သည် ရှောင်းကျန့်နှင့် မျက်နှာချင်းမဆိုင်ပဲ နေနေသည်မှာ သုံးရက်ပင် ရှိလေပြီ။ အရေးကြီးကိစ္စတွေဆို ကွမ့်ကျွင်းကို လွှဲထား၍ မျက်နှာချင်းဆိုင်စရာ အကြောင်းလဲမရှိ။ ပြီးတော့ ရိပေါ်က ပရောဂျက်တစ်ခုကို တာဝန်ယူထားရသည်မို့ သူ့ဆီကို ခနခနသွားတွေ့စရာလဲ မလို။

သူကိုယ်တိုင်ကလဲ အလုပ်အရမ်းရှုပ်နေပုံရသည်။ ခရီးတွေ သွားနေရတာလဲ ခနခနဟု ကွမ့်ကျွင်းထံက ပြန်ကြားရသည်။ ရိပေါ်လဲ မြင်ပါသည်။ ကုမ္ပဏီကို ဂျပန်ကဧည့်သည်တွေလဲ ခနခနလာနေရကာ၊ ကိုရီးယားကရောပင်။အတော်ကို အလုပ်ရှုပ်နေပုံရ၏။

*ဒီဆိုင်က အရမ်းကောင်းတယ်နော်။ ဈေးကလဲ အရမ်းသက်သာချက်*

Shou Com.,၏ တစ်ဦးတည်းသော သားထံမှ ထွက်ပေါ်လာသော စကားကြောင့် ရိပေါ်အတွေးတွေကလဲ ပြတ်သွားသလို ယန်ကောနှင့် ရှန်းကျဲမှာလဲ ရေအလျင်အမြန် ယူသောက်ရလေ၏။ ပိုက်ဆံကို သန်းချီချမ်းသာသော မိသားစုက ဆင်းသက်လာသည့် ကောင်လေးသည် နေ့လည်စာ တစ်နပ် ယွမ်ဘယ်လောက်မှပင် မရှိသည်ကို လာစားနေရသည့်ပုံစံ။

*ဟိုတယ်တက်စားနိုင်တဲ့လူက ငါတို့ပြောဖို့လဲ ချန်အုံး*

*ကိုကိုကလဲ..ကျွန်တော်က သက်သာလို့ သက်သာတယ်ပြောတာကို*

ဇွန်းကိုက်ကာ ချွဲလာသည့် ချွမ့်ဟွေးကြောင့် ရိပေါ် ခေါင်းရမ်းကာသာ နေ့လည်စာ ဆက်စားနေသည်။ ယန်ကောနှင့် ရှန်းကျဲမှာ ချွမ့်ဟွေးနှင့် စကားလက်ဆုံကျနေလေသည်။

ချွမ့်ဟွေးအနား ကပ်ချင်နေသည့်သူတွေ အများကြီးထဲကမှ ချွမ့်ဟွေးသည် ရိပေါ်တို့ သုံးယောက်နဲ့ပဲတွဲကာ၊ ထိုအချိန်တိုင်း တရုတ်နိုင်ငံ၏ အချမ်းသာဆုံး မိသားစု၏ သားဆိုသည့် ဂုဒ်ဒြပ်ကို ထားခဲ့ကာ ရိပေါ်တို့စားသလို စားသည်။ ရိပေါ်တို့ နေသလို နေသည်။

သို့ပေမယ့် သူဋေးသားတွေမို့ ဘယ်လောက်ပဲ ဈေးချိုတာတွေ စားနေပါစေအုံး အရှိန်အဝါတစ်ခုနှင့်၊ အရောက်အဝါတစ်ခုက ထွက်ပေါ်နေမြဲပင်။ ချွမ့်ဟွေးဆိုလျှင် ဘယ်နေရာထိုင်ထိုင် ဖြူလှသည့် အသားအရည်၊ နီရဲတွတ်နေသည့် လက်ချောင်းသွယ်သွယ်တွေ၊ ကိုင်ထားသည့် နောက်ဆုံးပေါ် ဖုန်းနှင့် လက်တွင် တစ်ခုတည်းသာ ရှိသော နာရီတစ်လုံး၏ ဈေးနှင့်ပင် ထိုသူဟာ တော်ရုံလူမဟုတ်နိုင်မှန်း သိသာနေ၏။

For..Where stories live. Discover now