For..

8.6K 686 46
                                    

ရိပေါ်ကို ရှောင်ကွင်းကာ လုပ်စရာ ရှိတာလုပ်နေသည့် သူအရှေ့ ရိပေါ်သွားကာ မတ်တပ်ရပ်လိုက်သည်။ သေချာပေါက် သူ ရိပေါ်‌ရပ်နေမှန်းသိသည်။ ဒါပေမယ့် ရိပေါ်အား မော့မကြည့်။

MacBookဖြင့် အလုပ်ရှုပ်ပြနေသည်။ ရိပေါ် သူ့လက်ထဲကဖိုင်အချို့နှင့်macbookကို ဆွဲယူလိုက်မှ ရိပေါ်အား ‌ေမာ့ကြည့်လာလေ၏။

ရိပေါ် သူ့မျက်နှာဆီ တည့်တည့်စိုက်ကြည့်လိုက်ကာ

*ငါ့ကို ဘာလို့စကားမပြောတာလဲ*

ရိ‌ေပါ်ပြောနေသည်များကို မကြားယောင်ဆောင်သူသည် ရိပေါ်လက်ထဲက ဖိုင်အချို့ကို ပြန်ဆွဲယူသည်။ သို့ပေမယ့် ရိပေါ် လက်ကို ပြန်ရုတ်ကာ အော်ပစ်လိုက်သည်။

*ငါ့ကို ဘာလို့မခေါ်တာလဲလို့*

ရိပေါ် ပြောသည့်စကားသည် ကလေးဆန်မှန်း သိ၏။ ဒါပေမယ့် ရိပေါ်ဟာ သူ့အတွတ်ဆို ကလေးဆန်ဆန် မရင့်ကျတ်သေးသည့် သူတစ်ယောက်ပင်။

ရှောင်းကျန့် မေးရိုးတွေတင်းသည်အထိ အံကြိတ်ထားပေမယ့် သူ ဘာမှအဆိုးလေးကို မပြောမိ။ ရှောင်းကျန့် စိတ်တိုသည်။ စိတ်တိုသည်ဆိုတာထက် ဝမ်းနည်းသည်။ သူ အတန်တန်မှာထားရဲ့နဲ့ အခုတော့ အဆိုးလေးသည် ချွမ့်ဟွေးဆိုသည့် ကောင်နှင့် ရယ်လို့မောလို့။ သူ ပြောတာတွေကို စိတ်ထဲတောင် ထားပုံမရ။

ရှောင်းကျန့် အရင်က အဆိုးလေးအပေါ် အပြစ်တွေလုပ်ခဲ့လို့ ပြန်ကလဲ့စားချေနေတာလားဆိုတာ ရှောင်းကျန့်မတွေးရက်ပေမယ့် ရိပေါ်သည် ဘာလို့ ဒီလောက်တောင် သူ့ပြောစကားကို နားမထောင်ရတာလဲ။

စကားပြောမိလျှင် အဆိုးလေးကို သူ အော်မိလိမ့်မည်။ သူ အော်လျှင်မကြိုက်သည့်ကောင်လေးက ငိုလိမ့်အုံးမည်။ အဲ့တာကြောင့် သူစိတ်တိုသမျှကို ဝန်ထမ်းတွေအပေါ် ပုံချမိခဲ့ခြင်းဖြစ်သည်။

*ကိုကို့လို့..!*

ရိပေါ် ရှောင်းကျန့်ကို အော်ဟစ်လာလေသည်။ ရှောင်းကျန့် ဟင်း ခနဲ သက်ပြင်းချကာ

*ပြောလေ*

*ဘာပြောလေလဲ။ မင်း ငါ့ကို ဘာလို့စကားမပြောတာလဲ။ ဘာလို့မခေါ်တာလဲ *

For..Where stories live. Discover now