ကပ္ပလီကဝေမ part-3

2.7K 217 8
                                    

ကျုပ်တို့ ခရီးထွက်ပြီဗျို့။

ဆရာနွံဖက ရှမ်းတိုက်ပုံနဲ့ ရှမ်းဘောင်းဘီပွပွ။အပေါ်ကလည်း ပင်နီ အောက်ကဘောင်းဘီကလည်း ပင်နီနဲ့ဗျ။ပြီးတော့ ရှမ်းလွယ်အိတ်ကြီးတစ်လုံးလွယ်လို့‌ပေါ့ဗျာ။ဆရာကြီးကတော့ နိုင်ငံတကာမှာနေလာတယ်ဆိုပေမဲ့ ဘောင်းဘီတွေဘာတွေ၀တ်လိမ့်မယ် မထင်နဲ့ဗျို့။ပလေကပ်ပုဆိုးအပြာကွက်လုံချည်နဲ့ အပေါ်က ရှပ်အင်္ကျီအဖြူခပ်နွမ်းနွမ်းကလေး ၀တ်လို့ဗျ။ပြီးတော့ ဆရာကြီးကလည်း လွယ်အိတ်ကြီးတစ်လုံးလွယ်ထားတယ်။

တာတေကတော့ သိတဲ့အတိုင်းပေါ့ဗျာ။ထနောင်းကုန်းသား တောသားမို့လား ချည်လုံချည်တပတ်နွမ်းလေးနဲ့ ရှပ်အင်္ကျီကလည်း ပိတ်အင်္ကျီဝါတာတာလေး ၀တ်လို့ပေါ့ဗျာ။

ပထမဆုံး မော်လမြိုင်ကိုသွားကြတာဗျ။မော်လမြိုင်ကိုရောက်တော့ ဆရာကြီးရဲ့တပည့်တစ်ယောက်အိမ်မှာ တည်းကြတယ်။ဆရာနွံဖပြောတာတော့ ဒီလူကလည်း ဆရာကြီးဆီကနေ ပညာယူထားတဲ့ တပည့်တဲ့ဗျ။သူလည်း အဆင့်တော်တော်ရှိနေပြီဆိုပဲ။နာမည်က ကိုအေးမောင်တဲ့။လူကအရပ်ရှည်ရှည် အသားညိုညို မျက်လုံးမျက်ခုံးကောင်းကောင်း အသက်၄၅နှစ်လောက်ရှိပြီဗျ။ဆရာကြီးကိုလည်း လွှတ်ရိုသေတဲ့လူဗျာ။ကျုပ်တို့ကို ဆရာကြီးတပည့်တွေဆိုပြီး တော်တော်ကို ဂရုစိုက်ပါတယ်ဗျာ။အဲ့ဒီညထမင်းစားသောက်ပြီး စကားဝိုင်းမှာ ဆရာကြီးက မေးတယ်ဗျ။

"ဘယ်လိုလဲ မောင်အေးမောင်ရဲ့ ဒီမှာကော အောက်လမ်းတွေ ထသေးလားကွဲ့"

"ထပါပြီလား ဆရာကြီးရယ် ဟိုတလောလေးကတင် မိုင်ဒါကွင်းနားမှာ ကလေးမတစ်ယောက် ကိုယ်၀န်ကြီး အရင့်အမာနဲ့ ကျွန်တော့်ဆီရောက်လာကြတယ် ဒီရောက်တော့ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါ သူ့ဗိုက်ထဲမှာ ကလေးမဟုတ်ပဲ မြွေတွေ အထွေးလိုက်ကြီး လုံးနေတာ ဆရာကြီးရေ"(ကြက်သီးတွေပါထတယ်ဟယ်😫😫)

"ဟေ ဒါ တော်တော်အဆင့်မြင့်တဲ့ကဝေရဲ့ လက်ချက်ပဲကွ"

"ဟုတ်ပ ဆရာကြီးရယ် ကျွန်တော်လည်း ဆရာကြီး ပေးထားတဲ့အင်းချပ်ကို သူငယ်မရဲ့ဗိုက်ပေါ်တင်ပြီး အပေါ်က မီးထွန်းပေးလိုက်တော့မှ ဗိုက်ထဲကမြွေတွေ စဉ်းစဉ်းကို သေတော့တာပဲဗျာ ဒါနဲ့ကျွမ်းကျင်တဲ့ လက်သည်မနှစ်ယောက်ခေါ်ပြီး နောက်ဖက်က အဆောင်ထဲတင်မွေးခိုင်းလိုက်တာ မြွေမှ ငါးကောင်တောင် ဆရာကြီးရေ လုံးထွေးပြီး ခြင်းလုံးလိုကို ကျစ်နေတာဗျို့ အရွယ်ကတော့ လက်သန်းလုံးသာသာလောက် ရှိလိမ့်မယ်"(ကိုယ့်ဗိုက်ထဲကတောင် နာလာသလိုပဲ ဒါဖတ်ပြီးတာ🥴)

တာတေ [ညမဖတ်ရ]Where stories live. Discover now