ကန်တော်ကဝေမ part-1

1.7K 110 0
                                    


ဆရာကြီး ဦးမင်းအောင်ရဲ့ကဝေတိုက်ပွဲတွေ
က ဆက်နေတာဗျ။ တာတေတောင် ရွာပြန်
မရောက်တာ အတော်ကြာနေပြီ။ ဆရာကြီး
ဆီ ရောက်တော့မှပဲ လောကကြီးမှာ မှော်ပ
ညာဆိုတာ တကယ်ရှိမှန်း သိလာတာဗျ။ ပြီးတော့ အလင်းမှော်ပညာသည်နှင့် အမှောင်မှော်ပညာသည်တွေအကြောင်းကိုလည်း သိလာတာဗျို့။လူတွေ ပြောပြောနေတဲ့ အထက်လမ်းနဲ့ အောက်လမ်းဆိုတာ ကိုယ်တွေ့ကြုံတော့မှပဲ တာတေ ယုံတော့တာဗျ။

တာတေတို့ မြင်ဖူးတဲ့ အထက်လမ်းပညာ
ဆိုတာက သတ်သတ်လွတ်ကလေးစား သီ
လကလေး ဆောက်တည်၊ ပုတီးကြီးတစ်ကုံး
တဂျောက်ဂျောက် စိပ်နေတဲ့သူတွေကိုးဗျ။

သူတို့တွေက စုန်းပြုစားတာတို့၊ ပယောဂ
ကပ်တာတို့ကို မေတ္တာစကား ပြောဆိုပြီး
ပညာစွန့်ခိုင်း၊ ရေတစ်ခွက်လောက်တိုက်
ပြီး သစ္စာဆိုခိုင်းကြတာ။

ဆရာကြီး ဦးမင်းအောင်တို့လို ကဝေတွေ သ
တင်းနားစွင့်၊ တိတိကျကျ ကြားပြီဆိုရင် မိမိရ
ရလိုက်ပြီး သူသေ ကိုယ်သေ တိုက်ကြ၊ ခိုက်
ကြ၊  လက်စအပြီးတုံးပစ်ကြတဲ့  တကယ့် အ
လင်းမှော်ပညာရှင်ကြီးမျိုးကို တာတေ အခုမှ
တွေ့ဖူး ကြုံဖူးတာဗျ။

ဒီတော့မှလည်း အမှောင်တိုက်၊ အမိုက်တိုက်
ထဲမှာ အသက်ရာနဲ့ချီပြီး ရှည်ကြတဲ့ အောက်
လမ်း   မှော်ပညာသည်ကြီးတွေကို တာတေ
တွေ့ဖူး ကြုံဖူးတာပါ။  အခုမှပဲ ဒီလူ့လောက
ကြီးမှာ   အင်မတန်ကြောက်စရာကောင်းတဲ့
အောက်လမ်းမှော်ပညာဆိုတာ တကယ်ရှိနေ
တာပါလားလို့ တာတေ သိလာတာဗျ။

အခုလည်း ကြည့်လေ။

ကျုပ်ရယ်၊ ဆရာနွံဖရယ် ဆရာကြီးရဲ့ဗဟန်း
က  ခြံဝင်းကြီးထဲက  ကံကော်ပင်ကြီးနှစ်ပင်
အောက်က  အုတ်ထိုင်ခုံကလေးမှာ  ထိုင်နေ
ကြတာဗျ။ လေကလေးတဖြူးဖြူးနဲ့ ဆရာ တ
ပည့်နှစ်ယောက် စကားပြောနေကြတာပေါ့ဗျာ

"ဆရာနွံ ဆေးကြိတ်တောင်မှာ ဂူအောင်းက
ဝေကြီးကို   နှိမ်နင်းတုန်းက  ကျားကြီး  တစ်
ကောင်လို ဖန်ဆင်းလိုက်တာ ဘယ်လိုပညာ
မျိုးလဲဆရာ"

"တာတေ အဲဒါ မှော်ပညာတွေထဲက ရုပ်
ပြောင်းရုပ်လွဲအတတ်လို့ ခေါ်တယ်ကွ"

တာတေ [ညမဖတ်ရ]Where stories live. Discover now