ပင်လယ်စုန်း part-3 final

1.1K 85 0
                                    

"ဘုန်း ဘုန်း ဘုန်း ဒုန်း ဒုန်း ဒုန်း"

လှေသားတွေက သံပုံးတွေ စပြီးတီးကြတာပေါ့ကွာ။
ပါးစပ်ကလည်း ကိုယ်ရတဲ့ ဘုရားစာတွေ ရွက်ကြတာပေါ့
တစ်ချို့ကလည်း ဂုဏ်တော်ရွတ်တယ်။
တချို့ကတော့ ပရိတ်တွေ ရွတ်တယ်။
ရွတ်တာကလည်း တစ်ခုတည်းကို တစ်ပြိုင်တည်းရွတ်တာ
မဟုတ်ဘဲ ကိုယ်ရတာ ကိုယ်ရွတ်တာဆိုတော့
တစ်ယောက် တစ်ပေါက်ပေါ့ကွာ။
သံပုံးတွေကိုလည်း တဘုန်းဘုန်းတီးကြ။
ပါးစပ်ကလည်းရွက်ကြနဲ့ လှေထဲမှာဆိုတာ
ဆူညံနေတော့တာပါ။ကျုပ်လည်း ကျုပ်ငယ်ငယ်က
ကျုပ်အဖေ သင်ပေးထားတဲ့ ပြန်တော်ပြန်ဂါထာကို
ရွတ်နေတာပေါ့။ ဘယ်လောက်ပဲ ရွတ်ရွတ်။
ဘယ်လောက်ပဲ သံပုံးတွေတီးတီး ရွက်တိုင်မှာ
စွဲနေတဲ့ ပင်လယ်စုန်းက မခွါဘူးကွ အရွယ်က
သပိတ်နှစ်လုံးစာလောက် ရှိနေပြီ။

"အားလုံးသတိထားကြဟေ့။ သတိမလွတ်စေနဲ့။
မင်းဒို့ စိတ်တွေ လွတ်သွားရင် အန္တရာယ်တွေ
ကြုံလိမ့်မယ် ဘုရားစာကိုသာ မပြတ်ရွတ်နေကြ"

သူကြီးကလည်း သတိပေးနေတယ်။ဘုရားစာရွက်ပေ
မယ့်လည်း အားလုံးက ကြောက်စိတ်တွေ
ဝင်လာတော့ ဘုရားစာကို ကပေါက်တိ ကပေါက်ချာ
တွေ ရွက်နေကြတော့တာပေါ့ကွာ ကျုပ်ကတော့ …

"သြော် နမော ဣတိပိ ပိတဋတ်တရံနဲ့ စတဲ့
ပြည်တော်ပြန်ဂါထာကို ငယ်ငယ်ကတည်းက
ရွတ်လာတာဆိုတော့ အမှားအယွင်း မရှိဘူးကွ"

"ဟာ နိမ့်ဆင်းလာပြီဟေ့ ဟော ဟော ရွက်တိုင်အလယ်ကို
ရောက်လာပြီ လက်နက်တွေ ယူကြဟေ့"

"ဟေ့ကောင်တွေ လက်နက်မယူနဲ့ မယူကြနဲ့"

လှေသူကြီးက လက်နက်တွေ
မကိုင်ဖို့ အော်ပြောပေမယ့် မရတော့ဘူးကွ
လှေသားတွေက ဓါးတွေ လှံတွေဆွဲပြီး ထွက်လာကြတယ်။

"ဟာ ဒီကောင်တွေတော့ ဒုက္ခရောက်တော့မှာပဲ"

လှေသူကြီးရဲ့ ညည်းညူတဲ့အသံကို
နောက်ဆုံးကြားလိုက်ရတာဗျ။ဓါးတွေ လှံတွေ
ကိုင်ထားတဲ့ လှေသားရှစ်ယောက်က လှေသူကြီးကို
ပြိုင်တူ ဝိုင်းကြည့်ကြတယ်။

"ဟေ့ကောင် သာညို ငပြူး ဟိုကောင် ထွန်းအောင်
သတိထားကြစမ်း"

တာတေ [ညမဖတ်ရ]Where stories live. Discover now