မဖဲဝါနေတဲ့ကျွန်း part-1

1.6K 75 0
                                    

အညာနွေတော့ စပြီဗျို့။နေ့ပူလို့ ညချမ်း တပေါင်လသရမ်းတဲ့။
ဟုတ်ပါ့ဗျာ။မနက်လင်းအားကြီးဆိုရင်
စောင်တောင်ခြုံရသေးတာဗျ။

နေ့လယ်နေ့ခင်းတော့ ချွေးတပြိုက်ပြိုက်ကျလို့
ပေါ့ဗျာ။ ယာလုပ်ငန်း မရှိပေမဲ့ 'ရွှေ
တောင်ဦး'ဘုရားပွဲအတွက် ကျုပ်တို့
မှာ မနားရတော့ပါဘူးဗျာ။

တပိုတြဲလပြည့်ကျော်ပြီဆိုကတည်းက ကျုပ်
တို့မှာ အစည်းအဝေးတွေ ခေါ်ကြ၊
တာဝန်တွေခွဲကြ၊ အလုပ်တွေ စလုပ်ကြတာပေါ့ဗျာ။

ဘုရားမှာ ငြမ်းဆင်၊ ထုံးသင်္ကန်းအ
သစ်ကပ်၊ စေတီရံတွေ၊ အုတ်တိုင်
တွေ ထုံးသုတ်၊ လက်ရမ်းသံတိုင်
တွေ ဆေးသုတ်၊ မီးတိုင်တွေ စိုက်
တဲ့သူက စိုက်၊ မီးကြိုးသွယ်တဲ့လူကသွယ်ပေါ့ဗျာ။

ပစ္စည်းတွေကအဆင်သင့်ရှိနေတာဆိုတော့ဘာမှ
မကြာလိုက်ဘူးဗျ။ဒိုးပတ်ပြိုင်မယ့်လူတွေကလည်း ဒိုးတိုက်ကြ၊ အိုးစည်တိုက်ကြပေါ့ဗျာ။

ဦးရွှေရိုးကမယ့်အဖွဲ့ကလည်း အပြိုင်
အဆိုင် တိုက်ကြရောဗျ။ မြို့ကဇာတ်
ကလည်း နှစ်ဇာတ်လောက်ကမှဆို
တော့ ဇာတ်ရုံကလည်း ဆောက်ရ
သေးဗျ။ ထုံးစံအတိုင်းပေါ့ဗျာ။

ဆယ့္ငါးရက်လောက်ကြာတော့ ရွှေတောင်
ဦးဘုရားပွဲကွင်းကြီးမှာ ဇာတ်ရုံတွေ၊
ဆိုင်ခန်းတွေ၊ ခြင်းလုံးပြိုင်မယ့်နေရာ၊
ဘောလုံးပွဲလုပ်မယ့်နေရာတွေလည်း
အဆင်သင့် ဖြစ်ပြီပေါ့ဗျာ။

တပေါင်းလဆန်းတစ်ရက်နေ့ကစပြီး
ဘုရားပွဲ ကျင်းပတာဗျ။ ဒါပေမဲ့ တပို့
တွဲမှာကတည်းက စသလိုဖြစ်နေတာပေါ့ဗျာ။

အရပ်ဇာတ်တွေက တပို့တွဲမှာကတည်းက စနေကြပြီ။ဒါကြောင့်
ကျုပ်ပြောတာပေါ့ဗျ။ ရွှေတောင်ဦးဘုရားပွဲက တစ်လလောက်ကို စည်တာလို့။

ကျုပ်တို့လည်း နှစ်စဉ်လုပ်နေကျဆိုတော့ ကျွမ်းကျင်နေကြပြီ
ပေါ့ဗျာ။လူကတော့ ပင်ပန်းသားဗျ။

ဒါပေမဲ့ လူတိုင်းပျော်နေကြတာဗျ။
ကျုပ်အဘနဲ့ အမေတောင် အိမ်မှာ
နေကြတာ။ မဟုတ်ဘူးဗျ။

ဘုရားဆွမ်းတော်ကြီးကပ်အဖွဲ့နဲ့ ဘုန်းကြီး
ဆွမ်းကပ်အဖွဲ့မှာ နှစ်စဉ်ပါကြတာ။
ကျုပ်က သာသနာ့အလံထူဖို့ ကျန်
နေတဲ့ နေရာတွေမှာ အလံတိုင်တွေလိုက်စိုက်နေတာဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now