မဲကြီးအင်း part-1

841 54 1
                                    

ကျုပ်တို့ ထနောင်းကုန်းကအရီးလေးဆိတ်မရဲ့
ယောင်္ကျားလေးလေးဆိတ်ဖွားက ငါးပိ၊ ငါးခြောက်
ကုန်သည်ကြီးပေါ့ဗျာ။လေးလေးဆိတ်ဖွားကကျုပ်ဆိုရင်
လွှတ်ခင်တာဗျ။

အောက်ပြည်ကို ငါးပိ၊ ငါးခြောက် အဝယ်သွားတဲ့
အခါ ကျုပ်တစ်ခါတလေ လိုက်သွားဖူးတယ်။

မြစ်ဝကျွန်းပေါ်ဘက်ကိုလည်း ကျုပ်လိုက်ဖူးတယ်။
အင်းကြီးတွေဆီကိုလည်း ကျုပ်လိုက်ဖူးတယ်။

အင်းဆိုတာ သဘာဝအတိုင်း ဖြစ်နေတဲ့ ရေကန်
အကြီးကြီးတွေပေါ့ဗျာ။ ငါးမွေးကန်တွေလို လူတူးထားရတာ
မဟုတ်ဘူးဗျ။

သဘာဝအတိုင်း ဖြစ်နေ
တာ။ ငါးမွေးကန်တွေက ကန်ထဲကို ငါးမျိုးထည့်ပြီး
မွေးရတာ။ အင်းကြီးတွေက သဘာဝအတိုင်းကို
ငါးတွေပေါက်ဖွားနေတာ၊ ဖမ်းလို့ကုန်နိုင်တာ မဟုတ်ဘူးဗျ။

လေးလေးဆိတ်ဖွားနဲ့ ကျုပ်ရောက်ဖူးတဲ့ အင်းတွေ
တော်တော်များပါတယ်ဗျာ။ ကသစ်ပင်အင်းတို့၊
မမြအင်းတို့၊ အင်းရဲကြီးအင်းတို့၊ နတ်စင်အင်းတို့၊မဲကြီးအင်တို့ပေါ့ဗျာ။

ကျုပ်က အခု မဲကြီးအင်းအကြောင်း ပြောချင်လို့ဗျ။
ဒီအင်းကြီးတွေဟာ ရှေးဘုရင်တွေ စိုးစံစဉ်အခါတည်းက
ရှိတဲ့အင်းဗျ။

အင်းတွေရဲ့ ထူးခြားချက်ကအင်းသူကြီး ပြောင်းသွားပေမယ့်
မူလအင်းနာမည်မပြောင်းဘူးဗျ။ မမြအင်းဆိုရင် နောက်ပိုင်း အင်း
သူကြီးတွေက ဦးစိန်မိုးတို့၊ ဦးတုတ်တို့၊ ဦးဗလတို့အဆင့်ဆင့်
ပြောင်းသွားပေမယ့် မူလနာမည်ဖြစ်တဲ့ မမြအင်းလို့ပဲ ခေါ်ကြတာပဲဗျ။

မမြဆိုတာ ဘယ်သူမှန်းကို သိတော့တာမဟုတ်ပေမယ့်
နောက်လူတွေကလည်း ဒီနာမည်ကိုပဲခေါ်ကြတာဗျ။

အခု ကျုပ်ပြောမယ့် မဲကြီးအင်း ဆိုတာလည်းဒီလိုပါပဲဗျ။
ဘာလို့ မဲကြီးအင်းခေါ်မှန်းကို မသိတော့တာဗျ။

ဒါပေမဲ့ဒီကရွာသားတွေပြောတဲ့ ပါးစပ်ရာဇဝင်အရတော့
ရှေးဘုရင်များရှိတဲ့ ခေတ်ကတည်းက ဒီအင်းကြီးကို
အင်းသူကြီးအဖြစ် မဲကြီးဆိုတဲ့လူကို ချပေးခဲ့တာတဲ့ဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now