မဲကြီးအင်း part-3 final

646 54 0
                                    

"ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်"

လူတွေ ထွက်လာပြီဗျို့။ ရွာလမ်းပေါ်ကို
တုတ်တွေ၊ ဓါးတွေ၊ လှံတွေနဲ့ပေါ့ဗျာ။
ကျုပ်လည်း ရွာလမ်းပေါ်ကို ထွက်လိုက်တယ်။
ကျုပ်က ဘထွေးအုန်းခိုင်တို့ အိမ်ဘေးကပတ်ပြီး
အိမ်နောက်ဘက်ကို ပတ်ထွက်တယ်။ နောက်
ဘက်က လယ်ကွင်းကြီးက ရိတ်ထားတော့
အဝေးကြီးကို လှမ်းမြင်နေရတာပေါ့ဗျာ။
လရောင်ဖျော့ဖျော့လေးနဲ့ ကြယ်ရောင်
မှုန်ပျပျလေးအောက်မှာ လယ်ကွင်းကြီး
တမျှော်တခေါ်ကြီးပေါ့ဗျာ။ ဟာ…တွေ့ပြီဗျို့။
တွေ့ပြီ။ မည်းနက်နေတဲ့ အကောင်ကြီးဗျာ။

ကျွဲပေါက်ကို ချိုင်းကြားမှာ ညှပ်ပြီး ပြေး
လာတာဗျို့။ ကျွဲပေါက်က ချိုသိပ်မရှည်ဘူးဗျ။
ဒါပေမဲ့ ဇက်ကျိုးပြီး တွဲလောင်းကြီး ကျနေ
ပါပြီဗျာ။ မည်းမည်းအကောင်ကြီးက ပြေး
လာတော့ ကျွဲပေါက်ရဲ့ခေါင်းကြီးက တွဲ
လောင်းကြီးကျပြီး ယမ်းခါနေတော့တာ
ပေါ့ဗျာ။ မည်းမည်းအကောင်ကြီးက
လရောင်မှုန်ဝါးဝါးလေးအောက်မှာ
မြင်ရတာ မည်းနက်နေတာပဲဗျ။

ရွာသားတွေပြောတဲ့ မီးသွေးခဲသရဲဆိုတာ
ဒါပဲဖြစ်မယ်ဗျ။ မဲကြီးအင်းက သရဲဦးမဲကြီးလား၊
သူ့သားတွေလားတော့ ကျုပ်မသိဘူးဗျ။ကျုပ်
တည့်တည့်ကို ဖြတ်ပြီးပြေးသွားတာဗျို့။အရပ်
ကြီးက ဆယ်ပေလောက်  ရှိမယ်ဗျ။ မျက်လုံး
ကြီးတွေက အကြမ်းပန်းကန်လောက် ရှိမယ်
ဗျို့။ နီရဲပြီး ပြူးထွက်နေတာဗျာ။ ဟာ၊ ထိန်
ပင်ကြီးအောက်က မည်းမည်းအကောင်ကြီး
သုံးကောင် ပြေးထွက်လာပြီဗျို့။ ပြေးလာတဲ့
သရဲကြီးကို ထိန်ပင်အောက်မှာ စောင့်နေတဲ့
သရဲသုံးကောင်က ပြေးကြိုကြတာဗျို့။ ဟော
ပြေးကြပြီဗျို့။ မဲကြီးအင်းဘက်ကိုပြေးကြတာဗျာ။

"ကျွဲပေါက်တစ်ကောင် ပါသွားပြီဗျို့"

"ဟေ…ဟုတ်လား၊ ကျွဲကို ကြိုးနဲ့ဆွဲသွားတာလား"

"ဘယ်ကကျွဲကို ဆွဲသွားရမှာတုံးဗျာ၊
လည်လိမ်ချိုးပြီး ယူသွားတာဗျ။ ဟာ
ကျွဲပေါက်တစ်ကောင် မ,ယူသွားတယ်
ဆိုတော့ နဲနဲနောနောအကောင်မှ မဟုတ်တာ"

"မင်းတို့ မြင်လိုက်လား အောင်တိုး"

"မည်းမည်းအကောင်ကြီးပဲ မြင်တာဗျ၊ ကျွဲပေါက်ကို  
  လက်တစ်ဖက်နဲ့ မ,ယူသွားတာ ဖြစ်မယ်ဗျ"

တာတေ [ညမဖတ်ရ]Where stories live. Discover now