ဝါးဘီလူးတောင် part-1

872 65 2
                                    

တာတေတို့အညာသားတွေ မကင်း
နိုင်ကြတဲ့ အရာကတော့'ထန်းကျပင်
ရည်'ပေါ့ဗျာ။ ထန်းရည်နဲ့ အညာသား၊
အညာသားနဲ့ ထန်းရည် ခွဲလို့မရနိုင်
တာဟာ ကျုပ်တို့ အညာဓလေ့တစ်
ခုပဲဗျ။ ကျုပ်တို့ရွာရဲ့ မြောက်ဘက်
မှာရှိတဲ့ ဘိုးညီလေးထန်းတောဟာ
ထနောင်းကုန်းသားတွေနဲ့ ဘန့်ဘွေး
ကုန်းသားတွေရဲ့ ဆုံမှတ်တစ်ခုပေါ့
ဗျာ။ အခုလို နွေဦးကာလ မြူထချိန်
ဆိုရင် ထန်းတက်သမားတွေ မနား
တမ်း ထန်းတက်ရတဲ့ အချိန်ပေါ့ဗျာ။

အမြည်းကတော့ ငွေရွှင်ရင် မြင်းသား
ခြောက်၊အမဲခြောက်၊ဆတ်သားခြောက်
ပေါ့ဗျာ။ ကျက်နေအောင် မီးဖုတ်ပြီး မွ
နေအောင်ကို ထုထားတာဗျ။ ဆီရွှဲရွှဲနဲ့
စိမ်ပြီး မြည်းရတာ လွှတ်ကောင်းပေါ့
ဗျာ။ငွေမရွှင်တော့လည်း ထုံးစံအတိုင်း
ပဲကြီးလှော်ပေါ့ဗျာ။

ပဲကြီးလှော်ကြားထဲညပ်တဲ့ ဆားကလေး
ငံပြပြနဲ့၊ တဂျွတ်ဂျွတ်ဝါးပြီး ပင်ကျရည်
လေး မော့သောက် ဒါလည်း အညာသား
စည်းစိမ်ပါပဲဗျာ။ ဆေးပေါ့လိပ်လေး မီး
မသေအောင်ကလည်း ဖွာရသေးဗျ။

ဆေးလိပ်ကတော့ ကိုယ်ကြိုက်တဲ့တံ
ဆိပ်ပေါ့ဗျာ။ကျုပ်ကတော့ ခင်ဗျားသိ
တဲ့အတိုင်း နဂါးပဲလေဗျာ။ နဂါးဆေး
ပေါ့လိပ်ကလေးကို ပါးစပ်မှာ ခပ်ဖွဖွ
ကိုက်ပြီး လက်စွဲတော် ဓနုဖြူဒေါ်ရီ
ကြေးမီးခတ်ကို 'ဂျစ် ဂျစ်'လို့မြည်
အောင်ခြစ်ပြီး တောက်လာတဲ့ မီး
တောက်နဲ့ မီးညှိရတဲ့ အရသာက
လည်း တစ်မျိုးပေါ့ဗျာ။

ဒီညနေတော့ ကျုပ်တို့ဝိုင်းမှာ လူအ
စုံသားဗျ။ဘန့်ဘွေးကုန်းသားရော၊ထ
နောင်းကုန်းသားရောဆယ်ယောက်ဗျ။
ကျုပ်သူငယ်ချင်းသိန်းဇော်ပါ ပါသဗျ။
ထန်းကျောဖျာကြီးနှစ်ချပ်စပ်ခင်းလို့
မြူအိုးကလည်း ခုနှစ်အိုးလောက် အ
ဆင်သင့်ချထားတာဗျ။ အမြည်းဖိုး
တော့ သူ့ပါတာ၊ ကိုယ့်ပါတာ ထုတ်
ကြပြီး ဝယ်ရတာပေါ့ဗျာ။ ကျုပ်တို့ရွာ
ဓလေ့မှာ အမြည်းဖိုးက လက်ငင်းပေး
ရသဗျ။

ထန်းရည်ဖိုးကတော့ ပြန်ကာမှ မြူအိုး
အလုံးရေနဲ့ တွက်ပြီး ရှင်းရတာဗျ။  ဒီ
ညနေတော့လူလည်းစုံ၊ ငွေလည်းများ
တော့ အမဲခြောက်ကတင် သုံးပန်းကန်၊
ပဲကြီးလှော်က နှစ်ပန်းကန်ဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now