တစ္ဆေနိုင်တဲ့ ဂါထာကလေး

782 55 0
                                    

ဒီဂါထာကလေးကို ကျုပ်အဘ သင်ပေးတာဗျ။ ဒီတုန်းက

ကျုပ်အသက်က ခုနှစ်နှစ် ရှစ်နှစ်ပေါ့ဗျာ။အဘက ကျုပ်ကို

ကိုရင်စည်းပေးတာဗျ။ ဒီတုန်းက ကျုပ်ကို ကိုရင်စည်းတဲ့

ပုဗ္ဗာရုံကျောင်းမှာက ကိုရင် တစ်ပါးပဲရှိတာဗျ။နေရတာက

ပုဗ္ဗာရုံကျောင်းဝင်းရဲ့ အရှေ့ဘက်က ကျောင်းဟောင်းကြီးမှာ

ဗျ။ ဒီတော့ အဘက ကျုပ် ကြောက်မှာ စိုးရိမ်တယ်လေ။

တစ်ကယ်တော့ အဘ မသိလို့ပါဗျာ။ကျုပ်က ငယ်ငယ်လေး

ထဲက ကြောက်တတ်တာမှမဟုတ်တာ။ ကျုပ်ကကြောက်ရမှန်း

လန့်ရမှန်းကို မသိတာဗျို့။

" ကိုရင် ညဘက်အိပ်ရဲလား ၊ အဘ လာပြီး အိပ်ပေးရမလား"

အဘ က ခေါင်းတုံးပြောင်ပြောင်လေးနဲ့ ကိုရင်အသစ်ကျပ်

ချွတ်လေးဖြစ်တဲ့ ကျုပ်ကိုမေးသဗျ။

"ဟာ မကြောက်ပါဘူး ဒကာကြီးရဲ့ "

လို့ ကျုပ်က ပြန်ပြေပေမဲ့ အဘက ကျုပ်ကို စိတ်မချသလို

ကြည့်တယ်ဗျ ။

" ကိုရင် တစ္ဆေနိုင်တဲ့ ဂါထာ ယူမလား "

အဘက ကျုပ်ကို မေးတယ်။

" ဘာ....တစ္ဆေ နိုင်တဲ့ ဂါထာ ဟုတ်လား ဒကာကြီး။ ဒါတော့

ကျုပ်စိတ်ဝင်စားသားဗျ။ဒီဂါထာရရင် ကိုရင်လူထွက်

တော့ နည်းနည်းပါးပါး စမ်းကြည့်ရတာပေါ့ဗျာ "

" ဟုတ်တယ်ကိုရင် ၊ ဒကာကြီးရဲ့အဘသင်ပေးတာ။

သူ့ကိုလည်း သူ့အဘသင်ပေးတာတဲ့ "

" ဟာ....ကိုရင် သင်ချင်တယ် ၊ ကိုရင့်ကို သင်ပေးပါ

ဒကာကြီး "

ဒီမှာတင် ဒီဂါထာလေးကို ကျုပ်အဘက သင်ပေးတာဗျို့။

" ကဲ ဒါဆိုရင် လိုက်ရွတ်ပေတော့ ကိုရင် "

" ဥုံ အဌ မဂ္ဂင်ဂါဏိ
တြိ ပိဋကတ် တရံ
သုံညံ မေ ဘဝိတ်သတိ
အမ်း အနိစ္စ အမြဲမရှိ "

ကျ ုပ်က လိုက်ဆိုတယ်။ တစ်ခေါက် နှစ်ခေါက် သုံးခေါက်

ကျုပ်အလွတ်ရသွားပြီ။

တာတေ [ညမဖတ်ရ]Where stories live. Discover now