ဂူအောင်းကဝေ part-1

2.3K 125 0
                                    


ဆရာကြီးဆီမှာ တာတေ သောင်တင်နေတာတော်တော်ကြာပြီဗျ။

ဆရာကြီးဦးမင်းအောင်ဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပေါ့ဗျာ။တစ်ခါက ကုလသမဂ္ဂရဲ့ ဆရာဝန်ကြီးတစ်ယောက်မို့လား။ နိုင်ငံတော်တော်များများမှာ လှည့်ပြီးဆေးဝါးကုသခဲ့တဲ့ ခေတ်ပညာတတ်ကြီးတစ်ယောက်။ပြီးတော့ အထက်လမ်းမှော်ပညာကို တဖက်ကမ်းခတ်အောင် တတ်တဲ့ဆရာကြီးဗျ။

သီလ သမာဓိဆိုတာ အလွန်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဗျ။အိမ်ထောင်ရက်သားလည်း ပြုခဲ့တဲ့လူမဟုတ်ဘူး။ဥပဓိရုပ်ဆိုတာလည်း "ဘုန်း"ခန့်ညားလိုက်ပါဘိဗျာ။ဗဟန်းမှာ ခြံကြီးဝင်းကြီးနဲ့ နေနိုင်တဲ့လူ ဥစ္စာဓနဆိုတာကလည်းပြည့်စုံပါဘိသနဲ့။တာတေကတော့ ဆရာကြီးကို လွှတ်ပြီး ကြည်ညိုတာဗျ။
ဆရာကြီးရဲ့တပည့် ကျုပ်ရဲ့ ဆရာနွံဖကလည်း ဆရာကောင်းတပည့် ပီသပါပေရဲ့။

အင်မတန် သီလ သမာဓိရှိတာကလား။
ဆရာနွံဖကိုလည်း တာတေ လွှတ်ခင်တာဗျ။ဆရာနှစ်ယောက်ကလည်း တာတေကိုတော်တော်ဂရုစိုက်ကြပါတယ်။

တာတေတောင် ရန်ကုန်မှာ အနေကြာလာလို့လားမသိဘူးဗျ။အသားတွေ ဘာတွေတောင် လတ်လာတာဗျို့။ထနောင်းကုန်းက အဘနဲ့ အမေဆီကိုလည်း ကျုပ် မကြာ မကြာ ပြန်ပါတယ် ။ ကျုပ်မို့လို ရွာရောက်ရင်ဦးဆုံးသွားတွေ့ရတာက ပုဗ္ဗာရုံဆရာတော်ဗျ။ကျုပ် ပြန်ပြောပြတဲ့ ကဝေအကြောင်း ။ဆရာကြီးရဲ့ကဝေလိုက်တဲ့အကြောင်းတွေကို ဆရာတော် ဦးဂုဏက
လွှတ်ကြားချင်တာဗျ။ တာတေ ရွာရောက်ရင် အဲဒီအကြောင်းတွေ ဆရာတော်ကို သွားပြီး ပြောပြရတာဗျို့။

တာတေ မှတ်မိသေးတယ်ဗျ။အဲဒီညက နှင်းတွေ တော်တော်ကျတဲ့ည။အေးလည်း တော်တော်အေးတယ်။ဆရာကြီးရဲ့ ခြံဝင်းကို ကိုမောင်အေးက တံခါးစောစောပိတ်လိုက်သဗျ။ပြီးတော့ အိမ်ကြီးကိုလည်း တံခါးစောစောပိတ်ပြီး ဆရာတပည့်တွေ ဧည့်ခန်းကြီးထဲမှာ ရေနွေးကြမ်း သောက်လက်ဖက်စားရင်း စကားပြောနေကြတာဗျ။

ဒီအချိန်မျိုးဆိုရင် ဆရာကြီး ပြောပြတဲ့ ကဝေတွေ စုန်းတွေ ဇော်ကနီကောင်ကြီးတွေအကြောင်းဟာ တော်တော်ကို နားထောင်ကောင်းတာဗျို့။

တာတေ [ညမဖတ်ရ]Where stories live. Discover now