ကဝေပျံ part-2

913 66 0
                                    

ကျုပ်တို့ဘေးမှာတော့ မြရာပင်တွေရော၊ ပဲနွယ်
ခြုံတွေရော  လူတစ်ရပ်လောက်ကို မြင့်တာဗျ။
ခြုံခိုလို့ အင်မတန်ကောင်းတာပေါ့ဗျာ။ ကျုပ်တို့
ရောက်နေတဲ့  နေရာကနေကြည့်ရင်  အိမ်ကြီး
ထဲကို တန်းမြင်နေရတာဗျ။ ကျုပ်က မြင်ကွင်းပို
ကောင်းအောင် မြရာခြုံကို နည်းနည်းရှဲပေးလိုက်
တယ်။ဒါမျိုးတွေက ကျုပ်ငယ်ငယ်ကလေးတည်း
က ရွာမှာ လုပ်နေကြတွေပေါ့ဗျာ။

ဘာမှတော့ မမြင်ရသေးဘူးဗျ။ အိမ်ကြီးတစ်
လုံးလုံး မှောင်နေတာပါပဲ၊ အိမ်ကတော့ ရှေး
ခေတ် ဗိုလ်အိမ်ကြီးဆိုတော့ ဆင်ဝင်မြင့်မြင့်
ကီးနဲ့ပေါ့ဗျာ။ ကျုပ်တို့ အခုတည်းနေတဲ့ အိမ်
ထက်တောင် ပိုကြီးသေးတယ်ဗျ။

တစ်အိမ်လုံး မှောင်ပြီး  တိတ်ဆိတ်နေတာဗျ။
ကျုပ်စိတ်ထဲမှာ ဒီမြို့သားတွေပြောတာ ဟုတ်
မှဟုတ်ရဲ့လားလို့တောင် ထင်သွားတယ်ဗျ။ ဒီ
အိမ်ထဲက  ထွက်လာတာ  မဖြစ်နိုင်ဘူး   ထင်
တယ်။ ဒီမှာလူရှိတဲ့အရိပ်အယောင်ဆိုလို့  ဘာ
မှရှိတာမှ မဟုတ်တာ။ဆရာနွံဖကို ကြည့်တော့
သူလည်း  အိမ်ကြီးဆီကို  မျက်တောင်  မခတ်
ကြည့်နေတာ တွေ့ရတယ်။လမိုက်ညဆိုတော့
ကြယ်ရောင်ကလေးတွေပဲ ရှိတယ်ဗျ။ကျုပ်က
လေသံကလေးနဲ့ ဆရာနွံဖကို တိုးတိုးကလေး
ပြောလိုက်တယ်။

"ဆရာနွံဖ ဒီလူတွေပြောတာ ဟုတ်ရော ဟုတ်
ရဲ့လားဗျ"

"အေးလေ အခုထိတော့ ဘာမှမတွေ့ရဘူးကွ၊
ငါတို့ရောက်တာ တစ်နာရီလောက် ရှိရော့မယ်"

"ဟော ဟိုမှာ ဟိုမှာ"

"ဘာတုံးကွ၊ တာတေရ"

"အပေါ်ထပ်မှာ လင်းကနဲ တစ်ချက်ဖြစ်သွား
တယ်ဗျ"

"ဟုတ်လို့လားကွ၊ ငါတော့ ဘာမှမတွေ့လိုက်
ပါဘူးကြာ"

"ဝီ ဝီ ဝီ ဝီ"

ဒီတုန်းမှာပဲ ကျုပ်တို့ခေါင်းပေါ်ကနေ 'ဝီ ဝီ  ဝီ
ဝီ'ဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်ဗျ။ ကျုပ်
တို့  ဆရာတပည့်နှစ်ယောက်  ခြုံထဲကို  နည်း
နည်းတိုးဝင်လိုက်ကြတယ်။

"ဆရာနွံဖ ဘာသံကြီးတုံးဗျ"

"ကဝေတွေပျံတဲ့အသံကွ၊ တစ်ယောက်တည်း
မဟုတ်လောက်ဘူးဟေ့"

တာတေ [ညမဖတ်ရ]Where stories live. Discover now