လူသားစားကဝေ part-2

1.9K 155 2
                                    

ကျုပ်တို့ ခရီးထွက်တာ ဗုဒ္ဓဟူးနေ့ဗျ။
အိမ်ကထွက်လာတာကတော့ ဝေလီဝေလင်းပေါ့ဗျာ။

လှည်းကူးကိုရောက်တော့ ဆွမ်းခံဝင်ချိန်ပေါ့။ဆရာကြီးတပည့် စောရေအေးကချောင်းကလေးတစ်ဘက်ကမ်းကလာပြီး  ကြိုပါတယ်။ ပြီးတော့ လှည်းကူးက သူ့အိမ်ကို ခေါ်သွားတယ်။ အိမ်က ခြေတံရှည်အိမ်ဗျ။ထမင်းတွေ ဟင်းတွေ အဆင်သင့် ချက်ထားလို့ပါဗျာ။

စောရေအေးရဲ့ မိန်းမကလည်း ကရင်ဗျ။တော်တော်ကိုသဘောကောင်းကြပါတယ်။ ကျုပ်တို့ဆရာတပည့်တွေ ဆာဆာနဲ့ စားလိုက်ကြတာဗျာ။ဒါပေမဲ့ လွှတ်တော့
မစားရဲကြဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ သွားရင် နွားလှည်းစီးရမှာမို့လား။

လှည်းဆောင့်မခံနိုင်အောင် နည်းနည်းလေးလျော့စားကြရတာပေါ့ဗျာ။

စောရေအေးက အရပ်ထောင်ထောင်မောင်းမောင်း နှုတ်ခမ်းမွေးကားကားကြီးနဲ့ ဆေးတံကြီး သောက်လို့ဗျ။
သူ့မျက်နှာ ကြည့်ရတာနဲ့ကို တော်တော်သတ္တိရှိပြီး သစ္စာရှိမယ့် ရုပ်မျိုးပါဗျာ။ဆရာကြီးက စောရေအေးကို တာ‌တေ့ အကြောင်း ပြောပြတယ်ဗျ။

ကပ္ပလီကဝေမကြီးကို နှိမ်နင်းတုန်းက တာတေလုပ်ရတာတွေကို ပြောတော့ စောရေအေးက သဘောကျပြီး တာတေ့ကျောကို
ပုတ်ပြီး ပြောတယ်ဗျို့။

"မင်း အားကြီး သတ္တိကောင်းတဲ့ကောင်ပဲကွ တာတေရ။မင်းနဲ့ တွေ့တာ ဆရာကြီးတော့ အားကိုးအားထား ဖြစ်တာပေါ့ကွာ"

ကျုပ်ကတော့ ပြုံးရုံပဲ ပြုံးနေလိုက်ပါတယ်။
လှည်းကူးမှာ သိပ်မကြာကြဘူးဗျ။မိုးမချုပ်ခင် ရိုးမကရွာကို အရောက်သွားရမှာဆိုတော့ ထမင်းစားပြီး တအောင့်တနား နားပြီးတာနဲ့ နွားလှည်းနဲ့ ကျုပ်တို့ ခရီးဆက်ခဲ့ကြတယ်ဗျ။နာရီပြန်နှစ်ချက်လောက်ရောက်တော့ ရိုးမအခြေက ရွာကလေးတစ်ရွာကို ရောက်တယ်ဗျို့။

အဲဒီရွာမှာလည်း စောရေအေးရဲ့အသိအကျွမ်းတွေ မနည်းဘူးဗျ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ကရင်လို ပြောကြတယ်ဗျ။ ခဏနေတော့ စောရေအေးက
ဆရာကြီးကို လာပြောတယ်။

လူသားစားကဝေအကြောင်း သူစုံစမ်းကြည့်တာ ဒီရွာကလူတွေက ဘာမှမသိကြဘူးလို့ ပြောတယ်။အဲဒီရွာကလေးရဲ့ နောက်ဘက်ကို ပတ်သွားပြီး တောင်တက်လမ်းကြောင်းကလေးအတိုင်း ကျုပ်တို့ ရိုးမပေါ်ကို တက်လာခဲ့တယ်။လှည်းလမ်းကြောင်းအတိုင်း သွားကြတယ်။ တစ်ခါတစ်လေတော့လည်း စမ်းချောင်းတိမ်တိမ်ကလေးတွေကို ဖြတ်ကူးကြရတယ်ဗျို့။

တာတေ [ညမဖတ်ရ]Where stories live. Discover now