ဂူဖောက်သူ part-1

1.4K 83 0
                                    


ဆရာကိုပေသီးတစ်ယောက် တာတေ့မျက်စေ့အောက်မှာတင် မရှုမလှ ဖြစ်သွားခဲ့ရပြီးတဲ့နောက်မှာ တာတေလည်း ခြေငြိမ်သွားခဲ့တယ်။ထနောင်းကုန်းမှာပဲ ရပ်ရေးရွာရေးလုပ်တယ်။

ရွာဦးက ရွှေတောင်ကုန်းဘုရားပွဲအတွက်
ပြဇာတ်တွေတိုက်တယ်။ ဦးရွှေရိုးအက
တိုက်ရတယ်။ ဒေါ်မိုးကနေကြ လှဖေက
ရန်ကုန်ပြောင်းသွားလို့ ဒေါ်မိုးကမဲ့ မိုးသီကို
အကသင်ပေးကြရတာ ဖတ်ဖတ်ကို မော
နေတာပါပဲဗျာ။ ထနောင်းကုန်းရွာဦးက
ရွှေတောင်ကုန်းဘုရားဆိုတာ နှစ်စဉ်
တပေါင်းလပြည့်ကျင်းပနေကြဗျ။

လွှတ်စည်တဲ့ဘုရားပွဲပါဗျာ။ အနီးအနားက
ဘန့်ဘွေးကုန်း၊ ငွေတွင်းကုန်းမပြောနဲ့ ဟိုး
ဆယ်မိုင်လောက် ဝေးတဲ့ လက်ပန်လှတို့၊
ဆရာမနိုင်တို့ကတောင် ဦးရွှေရိုး ဒေါ်မိုးအက
ဝင်ပြိုင်တာဗျ။ တိုးနယားကပြိုင်ပွဲကလည်း
လွှတ်လူကြိုက်များတာဗျ။ဒုန်းလွှတ်ပွဲလည်း
ပါတယ်လေ။

နွားလှည်းပြိုင်ပွဲ၊ ခေါင်းအုန်းရိုက်ပွဲ၊ ချောတိုင်
တက်ပွဲ လောင်းကစားပွဲတွေကလည်း နား
လည်မှုနဲ့ ခပ်ကြိတ်ကြိတ်ပါသေးသဗျ။ဒိုးပတ်
ပြိုင်ပွဲနဲ့ အိုးစည်ပြိုင်ပွဲကတော့ ညပိုင်းစင်ပေါ်
မှာ လုပ်တာဗျ။ ဘယ်ကမှ ပွဲငှားစရာ မလိုဘူး။
ကျုပ်တို့ဖာသာ စီစဉ်ပြီး ကကြခုန်ကြတာပါပဲ
ဗျာ။ ဘုရားပွဲစခါနီး သုံးရက်လောက်အလို
ဆိုရင် ဟိုရောက်ဒီရောက် ရောက်နေတဲ့
ကျုပ်တို့ရွာသားတွေလည်း ရွာမှာ အလျှိုလျှို
ပြန်ပေါ်လာတာဗျို့။

မတွေ့တာကြာနေတဲ့ ငယ်ပေါင်းကြီးဖော်
သူငယ်ချင်းတွေ ပြန်တွေ့ကြရတဲ့ပွဲပေါ့ဗျာ။
တချို့လည်း မတွေ့တာကြာနေတော့ ပြန်
တွေ့တဲ့အချိန်မှာ ဖက်ကြငိုကြ၊ အလွမ်းသယ်
ကြ၊ ညနေစောင်းတော့ ရွာတောင်ဖက်က
ထန်းတောထဲ ရောက်သွားကြပေါ့ဗျာ။

အဲဒီနေ့က ကျုပ်လည်း ဘုရားပွဲအတွက်
ကျုပ်တာဝန်ယူရမဲ့ ကိစ္စတွေပြီးသလောက်
ရှိသွားတော့ ဘယ်မှမသွားဘဲ အနားယူ
လိုက်ဦးမယ်လို့ တွေးပြီး အိမ်ဝိုင်းထဲက
မန်ကျည်းပင်ကြီးအောက်မှာပဲ ကွပ်ပျစ်
ပေါ် ဖျာကြမ်းခင်း ဝါးပိုးခေါင်းအုန်းပေါ်
စောင်ခေါက်ကလေး၊ တုံးလုံးလှဲနေတာ
ပေါ့ဗျာ။ လက်မှာကလည်း နဂါးဆေးပေါ့
လိပ်ကလေးညှပ်လို့ ဖွာလိုက်ချထားလိုက်
နဲ့ စည်းစိမ်ကလေး လုပ်မယ်ကြံရုံရှိသေး။

တာတေ [ညမဖတ်ရ]Where stories live. Discover now