ပျော်တတ်တဲ့ဝိဉာဉ် part-3 final

1.1K 89 1
                                    

"ဟေ့ကောင် တာတေ ဒီမှာကြည့်စမ်း"

အောင်ပိန်က သူ့လက်ထဲမှာ ကိုင်လာတဲ့ အဝတ်ထုပ်
ကလေးကို ဖြည်ပြတယ်ဗျ။

"ဟာ  အရုပ်ပြီးသွားပြီ ဟုတ်လား အောင်ပိန်"

"အေး ရွှံ့ခြောက်အောင် စောင့်ရတာက တစ်ပတ်
လောက်ကြာတယ်"

"ဟင် မင်းအရုပ်က ကြောက်စရာကြီးပါလားကွ"

အောင်ပိန်လှမ်းပေးတဲ့ အရုပ်ကို ကျုပ်သေသေချာချာ
ယူကြည့်လိုက်တယ်။အရပ်က ခြောက်လက်မလောက်
ရှိတယ်။ယောင်္ကျားလေးပုံဗျ။အရွယ်ကတော့
ကျုပ်တို့အရွယ်လောက်ပဲ ။ဆယ်နှစ့် ကိုးနှစ်အရွယ်ပေါ့ဗျာ

ခေါင်းမှာတပ်ထားတဲ့ ဆံပင်က တကယ်လူဆံပင်ဗျ
အင်္ကျီတော့ မပါဘူး ပုဆိုးအကွက်ကလေးတော့
ဝတ်ထားတယ်။ပုဆိုးကလည်း တကယ်ပုဆိုးစကို
ချုပ်ထားတာဗျ။မျက်နှာနဲ့ ကိုယ်လုံးကို ဆေးရောင်
အပြာသုတ်ထားတယ်။မျက်လုံးကအမည်းရောင်
ခြယ်ထားတာ ပြူးပြူးကြီးဗျ။ဆံပင် ကိုတော့
ရွှံ့မခြောက်တပ်ပြီး ခြောက်တော့မှ ကတ်ကြေးနဲ့
ညှပ်ထားပုံရတယ်။

"အောင်ပိန် ဒီဆံပင်က ဘယ်ကရတုံး"

"အဲဒါ ရွာမြောက်ပိုင်းက အရက်သမားကိုဘမောင်
သေတော့ သူပုဆိုးစကို ကတ်ကြေးနဲ့ညှပ်ယူပြီး
ဆံပင်လည်း ညှပ်ယူထားလိုက်တာကွ"

"ဟေ ဒါ ကိုဘမောင်ရဲ့ဆံပင်တွေပေါ့ ဟုတ်လား"

"အေးလေကွာ အဲဒါ ဘာဖြစ်တုံး မင်းကြောက်လို့လား"

"မကြောက်ပါဘူးကွာ အံ့သြသွားလို့ပါ"

ဒီကောင်အောင်ပိန် အရုပ်ကို သေသေချာချာကို
လုပ်ထားတာဗျ။ဒီကောင် ပန်းပုကလည်းတတ်တော့
အရုပ်ကလေးက တကယ့်ကို အသက်ဝင်နေသလိုပဲဗျာ
ပုဆိုးကိုလည်း သေသေချာချာချုပ်ပြီး ဝတ်ပေးထားတာဗျ
မကြောက်ဘူးသာ ပြောတာဗျ။
ကျောထဲတော့ နှစ်ခါလောက် စိမ့်သွားတယ်။

အရုပ်မျက်နှာကို စိုက်ကြည့်ရင် အရုပ်က
ကျုပ်ကို ပြန်ကြည့်နေသလို ခံစားရတာဗျ။
ဒီကောင့်အရုပ်က နည်းနည်းတော့ ထူးနေတယ်
ထင်တာပဲ ။

"အေး အခု ဘာဆက်လုပ်မှာလား"

"အဲဒါ လာပြောတာကွ ညသန်းခေါင်ကျရင်
မင်းအိမ်က တိတ်တိတ်ထွက်ခဲ့လို့ ရမလား
ဒီကောင်အာကျယ်ကတော့ ငါတို့အိမ်မှာ အိပ်နေကျဆိုတော့
ကိစ္စမရှိဘူး မင်းရောက်အောင်  လာနိုင်ဖို့ပဲလိုတာ"

တာတေ [ညမဖတ်ရ]Where stories live. Discover now