ထူးဆန်းသောဖုတ်ကောင် part-1

2K 94 0
                                    


ကျုပ်တို့ရွာမှာက ရွာဦးကျောင်းရယ်
ပုဗ္ဗာရုံကျောင်းရယ်ဆိုပြီး
ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်း ရှိတယ်ဗျ။
ပုဗ္ဗာရုံကျောင်းက ပိုပြီးရှေးကျတယ်။

ကျောင်းဝင်းကလည်း အကျယ်ကြီးဗျ။
ရှေးလက်ရာကျောင်းကြီးဗျ။
ကျောင်းဝင်းကတော်တော်ကို ခန့်ညားတာဗျို့။
ကျောင်းဝင်းကြီးထဲမှာလည်း သရက်ပင်
အုန်းပင်းတွေ မရမ်းပင်တွေ အစုံပါပဲဗျာ။

နေပျောက်မထိုးအောင်ကို ရှိနေတော့တာဗျ။

နွေရာသီများဆို ပုဗ္ဗာရုံကျောင်းကြီးထဲသွားပြီး
အပူဒဏ်ကို ခိုကြရတာ။

ပုဗ္ဗာရုံ ဆရာတော်ကလည်း သဘောကောင်းတာဗျ။
သူ့ကျောင်းဝင်းကြီးထဲမှာ ငှက်ပျောတောကြီးကလည်း
ရှိနေတော့ ငှက်ပျောသီးဆိုတာကတော့
သူ့ကျောင်းမှာ ပြတ်တယ်လို့ကို မရှိပါဘူးဗျာ။

ဆရာတော်ဘွဲ့က ဦးဂုဏတဲ့ဗျ။

သူ့ကျောင်းမှာက ဦးပဉ္ဇင်းငါးပါးလောက်နဲ့
ကိုရင် ဆယ်ပါးလောက်ရှိတယ်။
စာဝါလည်းချတယ်လေ။

ပုဗ္ဗာရုံကျောင်းဝင်းကြီးရဲ့ တောင်ဘက်ဆုံးမှာ
သရက်ပင်အုပ်ကြီး ရှိတယ်ဗျ။
အဲဒီ သရက်ပင်အုပ်ထဲမှာ သစ်သားနဲ့
နံကပ်ဆောက်ထားတဲ့ အုတ်ကျောင်းကလေး
တစ်ကျောင်းရှိတယ်။ အဲဒီမှာက
ဆရာတော်ဦးရုဏရဲ့ မယ်တော်ကြီးနေတာဗျ။

မယ်တော်ကြီးကလည်း တော်တော်ကို အိုနေပါပြီ။

ဒီမယ်တော်ကြီးရဲ့ နာမည်ကတော့ ကျုပ်လည်းမသိဘူးဗျ။

ဘုန်းကြီးရဲ့ တူမနှစ်ယောက်က မယ်တော်ကြီးကို
အဖော်လုပ်ပြီး လာနေပေးတယ်။
ဘုန်းကြီးကလည်း သူ့မယ်တော်ကြီးကို
အတော်ဂရုစိုက်တာဗျ။ အစားအသောက်
အနေအထိုင်လည်း ဂရုစိုက်သလို ကျန်းမာရေး
မမာတာရှိရင်လည်း ဘန့်ဘွေးကုန်းမှာ
ဆေးခန်းဖွင့်ထားတဲ့ ကျန်းမားရေးမှူးကိုပင့်ပြီး
သေသေချာချာ ကုပေးတာဗျ။

ဒါပေမယ့်လည်း ဇရာဆိုတာကိုတော့
ဘယ်သူလွန်ဆန်နိုင်မှာလဲဗျာ။အသက်ကလည်း
ကြီးလာပြီဆိုတော့ တဖြေးဖြေးနဲ့ အပြင်တောင်
မထွက်နိုင်တော့ပါဘူး။

တာတေ [ညမဖတ်ရ]Where stories live. Discover now