အလောင်းပြင် တာတေ part-1

940 64 1
                                    

သူ့နာမည်က စံလှတဲ့။အသက်က သုံးဆယ့်ငါးနှစ်။

စံတင်လောက်အောင်လှတဲ့သူလို့ အဓိပ်ပါယ်ယူမည်
ဆိုလျှင်တော့ လူတိုင်းက ဟားတိုက်ကာ ရယ်ပေလိမ့်မည်။

အကောင်းဆုံးပြက်လုံး တစ်လုံးတစ်ခု ဖြစ်၍နေပေလိမ့်မည်။

အပေါင်းအသင်းများက ယဉ်ကျေးသမှုဖြင့်

အမည်နာမပြုသည်ကား "သုဘတာတေ"တဲ့။

အသုဘ ကြည့်ရှုကောင်းဖွယ်ဖြစ်အောင်

ပြောင်းနိုင်တဲ့ တာတေပါပေါ့။တည့်တည့်နဲ့
လက်တွေ့ကျကျ ခေါ်ကြတာတော့ အလောင်းပြင်တာတေတဲ့လေ။

သူက တကယ်တော့ အကျည်းတန်လွန်းသူ

တစ်ယောက် ဖြစ်သည်ဟုပင် ဆိုရမည်လား

သူသည် လူသေတို့ကို အလှဆင်ရသူပါတည်း

တနည်းအားဖြင့် သေဆုံးပြီးသော အလောင်းများကို

အသုဘရှင်နှင့် လူအများ ကြည့်ဖွယ်ရှုဖွယ်ဖြစ်အောင်

မိတ်ကပ်အလှပြင်ပေးရသူပါတည်း

ထို့ကြောင့်ပင် သူ့ရုပ်နှင့် သူ့အလုပ်ကို လိုက်လျော

ညီထွေတွဲကာ လူအများက အမည်ပေးထားပါ၏။

ရှေးရှေးက ရုပ်ရှင်ထဲမှာ သရဲတစ္ဆေခန်းတွင်

သရုပ်ဆောင်ရသော တာတေကြီးလို ရုပ်ဆိုးလွန်း၍

ထိုအမည်က စံလှနှင့် လွန်စွာလိုက်ဖက်နေပါသည်။

သည်အတွက် အမည်ရင်း စံလှပျောက်ကာ

တာတေဘဝ ရောက်သွားရခြင်းကိုလည်းစံလှ အမျက်မသိုမိတော့ပါ။

စံလှက ဆိုပါစို့။အများက တာတေဆိုတော့လည်း

တာတေပေါ့။တာတေက ရုပ်ဆိုးပေမဲ့ တာတေ့

လက်များကတော့ ပညာရှင်ပီသလှပါ၏

မည်မျှ အရုပ်ဆိုးစွာ သေနေသော အလောင်းဖြစ်ပါစေ

တာတေ့လက်များ လှုပ်ရှားလိုက်သည်နှင့် အိပ်ပျော်နေသူ

အလား ထင်မှတ်မှားရလောက်အောင် သူအစွမ်းပြနိုင်စွမ်း ရှိပါသည်။

တာတေ [ညမဖတ်ရ]Where stories live. Discover now