ငရဲဂူမှတစ္ဆေထောင် part-1

1.1K 77 4
                                    

ဘယ်သူကယုံမှာတုန်းဗျာ။ကျူပ်ပြောလည်း ခင်ဗျားမယုံဘူး

ခင်ဗျားပြောလဲကျူပ်ယုံမှာမဟုတ်ဘူး။ဒါပေမယ့် ဒါကတကယ်ဗျ။

တကယ်ကိုရှိတာ။အမှန်အတိုင်းပြောရင် ကျူပ်လည်း

ဒီအကြောင်းကို ဘယ်တုန်းကမှ သိခဲ့တာမဟုတ်ဘူးဗျ။

ကျူပ်ကိုလဲကျူပ်ရဲ့ဆရာသမားတွေက  ဒီအကြောင်းကို

ဘယ်တုန်းကမှ ပြောခဲ့တာမဟုတ်ဘူးလေဗျာ။ဟုတ်တော့

လည်းဟုတ်တယ်ဗျ ။တာတေဆိုတဲ့ကျူပ်က ဆရာမှမဟုတ်

တာ။စပ်စပ်စုစုလုပ်ချင်လို့သာဆရာတွေနောက်

လျှောက်လိုက်နေတဲ့ကောင်လေဗျာ။
    
ဒီတော့လည်း ကျူပ်ကို ဆရာအစဉ်အဆက်လက်ဆင့်ကမ်းပြီး

ပညာပေးသလိုတော့ ဘယ်သူမှပေးကြမှာမဟုတ်ဘူးလေဗျာ။     

ကျုပ်အဲဒီကိုရောက်သွားခဲ့တဲ့အကြောင်းရဲ့အစက ဒီလိုဗျ။

ဘန့်ဘွေးကုန်းက သိန်းဇော်တို့အိမ်မှာ ပုဏ္ဏကတိုက်သလို

ဘာလိုဖြစ်တာကစတာပေါ့ဗျာ။ ဘန့်ဘွေးကုန်းက

ကျူပ်သူငယ်ချင်း သိန်းဇော်ဆိုတာ ကျူပ်ပြောခဲ့ဘူးပါတယ်။

ကျူပ်နဲ့ ဒီကောင်မြို့ကျောင်းတက်တုန်းက အတူတူတက်ကြ

တာလေဗျာ။ဆောင်းတွင်းကြီးဗျ။နတ်တော်လား ပြာသိုလား

သာကျူပ်မမှတ်မိတော့တာ။ရွာထဲက ကျောက်ခဲတို့ သံမဏိတို့

မျက်ပြူးတို့အုပ်စုတွေနဲ့ ကျူပ်က ဝိုင်းထဲမှာ မီးလှုံနေတာဗျ။

နှမ်းရိုးတွေမီးရှို့လို့ပေါ့ဗျာ။ရေနွေးကြမ်းလေးသောက်လိုက်

ကျူပ်ကြုံဖူးတာတွေ ဒီကောင်တွေကိုပြောပြလိုက်နဲ့။

ဒီကောင်တွေကလဲ ကျူပ်ကို နှိုက်နှိုက်ချွတ်ချွတ်တွေမေးကြ

တာပေါ့ဗျာ။

"ဟေ့ကောင် တာတေ တာတေရေ။ငါပါကွ သိန်းဇော်ပါ "

သိန်းဇော်ရဲ့အသံကြီးက ဝိုင်းဝကနေ ပေါ်လာတာဗျ ကျူပ်တို့

ရွာတွေမှာက ခင်ဗျားတို့လို မြို့တွေက ဓာတ်မီးတိုင်တွေရှိတာ

တာတေ [ညမဖတ်ရ]Where stories live. Discover now