ကဝေပျိုရဲ့အလွမ်း part-2 final

999 61 9
                                    

  "အဲ့ဒါ ဘယ်နေ့က တွေ့ခဲ့တာတုန်းကွ ကျောက်ခဲရဲ့"
     
"တစ်နေ့ကဗျ၊နှစ်ရက်ရှိပြီပေါ့ ကိုကြီး တာတေ"
   
ဒီလူတွေ ကျုပ်တို့ ထနောင်းကုန်း မှာ ဘာတွေတွေ့သွားတုံး၊

ရွာပေါ်ကို စက်လွှတ်လို့မရတာ ကျုပ်ဆေးအိတ်ထဲက

ဆေးဝါးတွေ အင်းတွေကြောင့် ဖြစ်မယ်ထင်တယ် ဗျ။
     
"တို့ ထနောင်းကုန်း ဇရပ်မှာ ဒီလူတွေ ရှိနေသေးတုံးလားကွ"
     
" ဟာ ရှိတယ် ကိုကြီး တာတေ၊မနက်ကကျုပ် ရွာပြင်

ထွက်တော့ လူနှစ်ယောက် ထိုင်နေတာကို လှမ်းတွေ့ခဲ့တယ်"
   
"မင်းတို့ ဒီလူတွေကို တွေ့ခဲ့သားနဲ့ ငါ့ကို ဘာလို့

လာမပြောတာတုံး ဆရာတော်ပြောမှ ငါသိရတာ”
      
"ကျုပ်တို့လည်း ပြောမလို့ဗျ၊ဒီလိုပဲ အောက်လမ်းဆရာတွေ

လာလာတတ်သွားတာပဲလေ၊ပြီးတော့သူတို့ ပြောတဲ့

မြောက်ဘက် ရှင်မတို့ ဘာတို့ ဆိုတာ ကျုပ်တို့မှ နားမလည်

တာ ။ မဖဲဝါ ဆိုတာတော့သိတာပေါ့ဗျာ၊ပြီးတော့ ဒီလူတွေက

ကျုပ်တို့ရွာထဲကို ၀င်တာပြုတာမှ မဟုတ်တာ ၊ဒါကြောင့်ကျုပ်

က နောက်မှပြောတာပေါ့ဗျ၊ ပြီးတော့ ကိုကြီး

တာတေကလည်း ရွာထဲမှာပဲ အချိန်ကုန်နေတာကွလို့

သံမဏိ ကို ကျုပ်ကပြောထားတာ”

"အေး..မင်းပြောတာလည်းဟုတ်ပါတယ်၊ ငါကိုယ်တိုင်လည်း

ဒီလူတွေကိုဘာမှန်းမသိဘူးကွ။မင်းပြောပုံထောက်ရင်

ဒီလူတွေက အောက်လမ်းတွေ လား၊ကဝေတွေလား၊

တစ်ခုခုပဲကွ။ပြီးတော့မြောက်ဘက်ရှင်မရဲ့ ပညာဗူးတွေ

အသက်ဗူးတွေ ဒီမှာထားတယ်ဆိုတာ ငါတော့ကြားတောင်

မကြားမိပါဘူးကွာ။  ငါတို့သွားလာနေတာပဲဒီနေရာမှာ

အဆောက်ဦးတွေ ဘာတွေ ရှိတာမှ မဟုတ်တာ ။
   
ဒါပေမဲ့ ဒီလူတွေ အကြောင်းမဲ့တော့ လာနေမှာ မဟုတ်ဘူးကွ ၊

သတ်ိတော့ ထားရလ်ိမ်မယ်။မင်းတို့ ကြားခဲ့တဲ့ အတိုင်းဆိုရင်

တာတေ [ညမဖတ်ရ]Where stories live. Discover now