ပီယဆေး part-1

1.7K 99 0
                                    


ကျုပ်နာမည်က တာတေပါ။
ကျုပ်နေတာက အညာဒေသပေါ့ဗျာ။
ကျုပ်တို့ရွာကို ထနောင်းကုန်းလို့ခေါ်တယ်။
အိမ်ခြေတော့ တစ်ရာလောက် ရှိသပေါ့။
သူကြီးက ဦးဘိုးထင်ဗျ။ လွှတ်စိတ်တိုတဲ့
အဘိုးကြီးဗျာ။ ကျုပ်တောင် ရွာထဲမှာ
ရန်ဖြစ်လို့ ခြောက်ပေါက်လဲ ဝတ်လိုက်
ရသေးသဗျာ။ ခြောက်ပေါက်ဆိုတာ ထိတ်တုံးကို ပြောတာလေ။ ကျုပ်မိဘတွေကတော့ လူချမ်းသာတွေတော့ မဟုတ်ဘူးပေါ့ဗျာ။

အသင့်အတင့်ပါပဲ။ စားနိုင်သောက်နိုင်
ထဲကပေါ့။ ကျုပ်ကတော့ လပ်ယားလပ်ယားပါပဲ။ ယာထဲလည်း သိပ်မဆင်းပါဘူး။ တစ်ခါတလေ အဖေ့ကို လိုက်ကူတာလောက် ရှိတာပါ။ ကျုပ်က လူမှုရေးသမားဗျ။ ရွာရေး၊ ရပ်ရေးဆိုလျှင်တော့ ကျုပ်မပါလို့ ပြီးတာ မဟုတ်ဘူး
လေ။

"တာတေရေ အလှူကိစ္စတိုင်ပင်ချင်လို့
အိမ်ဘက်ကို လျှောက်ခဲ့ပါဦးကွ"

လို့ကို တကူးတက လာပြီး ဖိတ်မန္တက
ပြုရတဲ့ ကောင်လေ။ ကျုပ်လည်း ရပ်ရေး
ရွာရေး လုပ်နေကျကြဆိုတော့ အထာက
သိပြီးသားဗျ။ ကျုပ်လုပ်ရင် ဘာမဆို သပ်
သပ်ခပ်ခပ်ကို ပြီးသွားတာ။အဖေနဲ့အမေ
ကလည်း ကျုပ်က ရွာထဲမှာ အရေးပါတဲ့
လူဖြစ်နေတာကို သဘောကျကြတယ်
လေ။ ဒါပေမဲ့ ခက်တာက တစ်ခုရှိတယ်
ဗျ။ အဲဒါက ကျုပ်ဝါသနာလေ။

ဘာလဲဆိုတော့ အားကြီး စပ်စုချင်တာဗျ။

ကျုပ်က ဘာမဆို လွှတ်သိချင်တာလေ။
ထူးထူးဆန်းဆန်း ကိစ္စဆိုရင် ပိုတောင်
ဆိုးသေးဗျာ၊ ဘယ်ရွာမှာ ဆွဲကြိုးချသေလို့တဲ့ဆိုရင် တာတေ ရှေ့ဆုံးက ရောက်ပြီးသားဗျ။ဘယ်သူပိုးထိလို့ဆိုရင် တာတေ ရှေ့ကပဲ။တာတေ့လက်ပေါ်မှာတင် ဆုံးသွားတဲ့လူတွေ မနည်းဘူးလေ။ ဒီတော့လည်း ထနောင်းကုန်းက တာ‌တေဆိုရင် အနီးအနားက ဘန့်ဘွေးကုန်း၊ ဝက်စု၊ ငွေတွင်းကုန်း၊ သာယာကုန်း စတဲ့ ရွာတွေက မသိတဲ့သူ မရှိသလောက်ပါပဲ။ အဲဒီရွာတွေထဲမှာ ဘန့်ဘွေးကုန်းက ကိုပေသီးကိုတော့ တာတေ တော်တော်ခင်တာဗျ။

ဘာဖြစ်လို့ ဆိုတော့ ကိုပေသီးကလည်း
တာတေလိုပဲ။ နေရာတကာ စပ်စပ်နဲ့
စပ်စပ်နဲ့ ပါတဲ့လူ။ ဒါပေမဲ့ သူက ပရောဂ
ကို လွှတ်ဝါသနာပါတဲ့လူ။ ဟိုရွာ ဒီရွာတွေ
သွား ဆရာတွေနောက် လျှောက်လိုက်
ပြီးတော့ ပညာယူဆိုပဲ။

တာတေ [ညမဖတ်ရ]Where stories live. Discover now