ငရဲခွေး part-2

1.8K 155 0
                                    

"ကဲ ပေစိနဲ့ ချစ်ထွေးက အိမ်ပြန်ကြတော့
မင်းတို့က ငယ်သေးတယ်၊ အခုဟာက ဘာ
မှန်းသိတာ မဟုတ်ဘူး"

ကျုပ်စကားကို နားထောင်တယ်ဗျ။ ပေစိနဲ့
ချစ်ထွေး ထပြန်သွားကြတယ်။

"ကဲ မင်းတို့ ဒီကစောင့်နေ၊ ငါ အိမ်ပေါ်ခဏတက်လိုက်ဦးမယ်"

ကျုပ်က ဒီကောင်တွေကို ပြောပြီး အိမ်ပေါ်
တက်ခဲ့တယ်။ မျက်ကွင်းဆေးကွင်းတယ်။
ကျုပ်ရဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်း
လွယ်တယ်။ လည်ပင်းမှာတော့ သစ်စုန်း
ဆေးတောင့်အိတ်ကလေးဆွဲလိုက်တယ်။

ကျုပ်ဝိုင်းထဲ ပြန်ရောက်တော့ ကျောက်ခဲနဲ့
သံမဏိက မီးဖိုကို သေသေချာချာ ငြိမ်းထားပြီးပြီဗျ။ ဒီကောင် နှစ်ယောက်ကတော့ လွှတ်အလိုက်သိတဲ့ ကောင်တွေပါဗျာ။ အချိန်ကလည်း မနည်းတော့ဘူးဗျ။သန်းခေါင်ကြက်တောင် တွန်နေပြီ။

"ကဲ လာကြဟေ့၊ သွားစို့"

"ကိုကြီးတာတေ၊ ဘယ်ကို အရင်သွားမှာ
တုံး"

"ကိုချစ်ပုတို့ မြောက်ပိုင်းကို အရင်သွား
မယ်ကွာ"

ကျုပ်စကားဆုံးတာနဲ့ ကျောက်ခဲက ရှေ့
က ထွက်လာရောဗျို့။ သံမဏိက ကျုပ်
နောက်ကဗျ။ ကျုပ်က အသင့်ယူလာတဲ့
သုံးတောင့်ထိုးဓါတ်မီးကို  သံမဏိဆီကို
ပေးလိုက်တယ်။ သံမဏိက နောက်ဆုံး
ကနေ မီးထိုးပြတာဗျ။ ရွာထဲမှာ လူတွေ
အိပ်ကုန်ပြီဆိုတော့  သံမဏိက  မီးကို
အောက်နှိမ့်ပြီး ဝပ်ထိုးတာဗျ။

ကျုပ်တို့သုံးယောက်    ကိုချစ်ပုတို့ဝိုင်းနား
ရောက်တော့ သူတို့ဝိုင်းရှေ့က မကျည်းပင်
ကြီးပေါ်ကို  အသာလေး  တက်ကြတယ်။
မကျည်းပင်က လူတစ်ဖက်သာသာ ရှိတာ
ဗျ။ ကိုင်းကြီးတွေကလည်း  အတော်ကြီး
သာ။ ကျုပ်တို့သုံးယောက် သစ်ကိုင်းကြီး
တွေပေါ်မှာ အကျအန ထိုင်ပြီး မုဆိုးတွေ
လင့်စင်ပေါ်က သားကောင် စောင့်သလို
စောင့်နေကြတာပေါ့ဗျာ။

သန်းခေါင်တောင် ကျော်ပြီ။

"ဂီး၊ ဂီး၊ ဂီး၊ အီး၊ အီး၊ ဟီး၊ ဟီး"

ကျုပ်ဖြင့် ဆတ်ကနဲတောင် တုန်သွားတယ်
ဗျာ။ ကျောက်ခဲနဲ့ သံမဏိကတော့ ဘာမှမ
ကြားတော့ ဘာမှလည်း မကြောက်ဘူးပေါ့
ဗျာ။ ခွေးသံကြီးတွေဗျ။ အသံ ဒီလောက်ကြီးမှတော့ အကောင်လည်း ဘယ်ငယ်လိမ့်မတုံးဗျာ။ ဟာ တွေ့ပြီဗျို့။ တွေ့ပြီ။ ဟိုမှာဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now