ကျောက်မျက်လုံးဂူ part-1

868 54 1
                                    

နတ်တော်လလေဗျာ။အေးချက်က လွန်ရော။စောင်ခြုံလို့လည်း မနွေး။ကွေးလို့လည်း မလုံ။အိပ်လို့လည်း မပျော်။

နောက်ညတွေဆိုရင်တော့ မီးလှုံရတော့မယ်ထင်တယ်။
ကျုပ်တောင် အိပ်မပျော်မှတော့ အဘတို့ အမေတို့ဆိုရင် ပိုဆိုး
တာပေါ့ဗျာ။

"အုန်း၊ အုန်း၊ အုန်း၊ ဝုန်း"

ဘာသံတွေတုံး။အချိန်က သန်းခေါင်
ကျော်ဗျ။ သွပ်မိုးပေါ်ကို တစ်ခုခုကျတဲ့အသံဗ်။

"ဟဲ့ တာတေ၊ နင် နိုးနေလား"

အမေက ကျုပ်ကို လှမ်းမေးတယ်။ကျုပ်ကလည်း ဘာသံလဲလို့ နားစွင့်
နေရာကနေအမေ့ကိုဖြေလိုက်ရတယ်။

"နိုးတာ မဟုတ်ဘူး အမေရ
အိပ်လို့မရတာ၊ အေးချက်ဗျာ"

"ဟဲ့ တာတေ၊ နင့်ကို အေးတာပြော
မလို့ မဟုတ်ဘူး၊ 'အုန်း အုန်း'နဲ့ဘာသံကြားတုံး ကြားလား"

"ကျုပ်ကြားတယ် အမေ အဲဒါပဲ
နားစွင့်နေတာ။ ဘာသံတုံးတော့
မသိဘူးဗျ။သွပ်မိုးသံလို့ ထင်တာပဲ"

"အိမ်ခေါင်းပေါ်ကို အုန်းသီးကြွေတာထင်တယ်"

အမေက သူထင်တာ ပြောတာဗျို့။

"အခုကြားတာ တောင်ပိုင်းကမို့လား။
တောင်ပိုင်းက အောင်ဆင့်တို့ဝိုင်းက
အုန်းပင်ကြီးတွေ သီးလို့ရှိမှာ၊ အဲဒါ
ခေါင်မိုးပေါ်ကို ကြွေတာ ဖြစ်မယ်"

အမေပြောသလို မဟုတ်ဘူးဗျ။ကျုပ် သေသေချာချာ ကြားလိုက်
တာပဲ။ အုန်းသီးကြွေရင် အုန်းဆိုတဲ့အသံက တစ်ချက်ပဲ မြည်မှာပေါ့ဗျ။အခုဟာက 'အုန်း၊ အုန်း၊ အုန်း၊ ဝုန်း'ဆိုပြီး မြည်တာ။

"အုန်း၊ အုန်း၊ အုန်း၊ အုန်း၊ အုန်း"

ဟာ မြည်ပြန်ပြီဗျို့။ဒါ အိမ်ခေါင်မိုး
တွေပေါ်မှာ လူတစ်ယောက် လျှောက်ပြေးတဲ့အသံဗျ။

"ဟော ဟော ကြားလား တာတေ၊
ဒါ အုန်းသီးကြွေတာ မဟုတ်ဘူး၊
ခေါင်မိုးတွေပေါ် လျှောက်ပြေးနေ
တာဟဲ့၊ ကြောင်တွေ ပြေးတာ
ထင်ပါရဲ့"

"အင်း…ဟုတ်မယ် အမေ၊ ဒါပေမဲ့
ကြောင်ဆိုရင်လည်း အကောင်ကြီးကြီးဖြစ်မယ်ဗျ"

တာတေ [ညမဖတ်ရ]Where stories live. Discover now