ဖဲသမားစကား part-1

1.3K 70 0
                                    

  
    အစကတည်းက တာတေ ပြောခဲ့ပါတယ်။
တာတေက လူစုံပါလို့ ။
ကိုပေသီးလို ပယောဂဆရာတွေနဲ့လည်း တွဲခဲ့ဖူးတယ်။

ဘိန်းစားဘစိန်လို ဘိန်းစားတွေနဲ့လည်း
တာတေတွဲခဲ့ဘူးတယ်။အဲဒီလိုပဲ ကိုအောင်ချစ်တို့လို
အရပ်တကာ လှည့်ပြီး ဖဲချနေတဲ့
ဖဲသမားအကြီးစားတွေနဲ့လည်းပေါင်းဖူးတာပဲ။

ကိုအောင်ချစ်ဆိုတဲ့လူက
ကျုပ်တို့ ထနောင်းကုန်းကပါပဲ။

အသက်က လေးဆယ်လောက်ရှိပြီဗျ။

လူပျိုကြီးတစ်ယောက်ပဲ။ ကိုအောင်ချစ်မိဘတွေက
လူချမ်းသာတွေလေ။ပိုင်လိုက်တဲ့ယာတွေဆိုတာ
နည်းပါဘူးဗျာ။ ထန်းတောတစ်တောကလည်း
အမွေရထားသေးဗျာ။

ကိုအောင်ချစ်တို့မှာ မောင်နှမသုံးယောက်ရှိတယ်။

ကိုအောင်ချစ်က အလတ်ဗျ။

အစ်မတစ်ယောက်နဲ့ ညီတစ်ယောက်ရှိတယ်။

သူ့ညီကိုအောင်သစ်ဆိုတာ လွှတ်အလုပ် လုပ်တဲ့လူဗျ။

ယာကိစ္စတွေဆိုရင် သူပဲ တာဝန်ခံလုပ်နေတာ။

ကိုအောင်ချစ်ကတော့ အလတ်ဆိုတဲ့အတိုင်း
လတ်နေတဲ့ လူဗျို့။

အလကားနေ လတ်ယား လတ်ယား လုပ်နေတာ။

ကိုအောင်ချစ်ရဲ့ တစ်ခုတည်းသော ဝါသနာကတော့
ဖဲချတာပဲဗျို့။ဖဲဝိုင်းရှိလို့ကတော့ ကိုအောင်ချစ်တို့က
မသာခုနှစ်ရက် အောင်ချစ် ရှစ်ရက်ဆိုတဲ့ လူမျိုးဗျ။

တစ်ခါတလေ အနီးအနားရွာတွေမှာ
အသုဘတွေ ဆက်နေလို့ ကိုအောင်ချစ်တစ်ယောက်
ဖဲလှည့်ရိုက်ရတာ ရွာမှာ နှစ်လလောက်တောင်
ပျောက်နေတတ်တယ်ဗျ။

တစ်ခါတစ်လေကျတော့လည်း ကျုပ်ကို
အဖော်ခေါ်သွားတယ်။ကျုပ်ကတော့
သူ့လို မိုးတလင်းမနေနိုင်ဘူးဗျ။

အိပ်ချင်လာပြီဆိုရင် ဖဲဝိုင်းဘေးတင်
လှည်းအိပ်လိုက်တော့တာပဲဗျို့။
တစ်ရက်တော့ ကျုပ်နွားစာစဉ်းနေတုံး
ကိုအောင်ချစ်ကြီးပေါက်ချလာတယ်ဗျ

"ဟကောင် တာတေရေ နားနားနေနေ လုပ်လေကွာ
ပင်ပန်းနေပါဦးမယ်"

"ဟာ ကိုအောင်ချစ် ဘယ်ကလှည့်လားဗျ"

တာတေ [ညမဖတ်ရ]Where stories live. Discover now