မှန်ထဲက တာတေ part-3 final

1.1K 81 2
                                    

"ဘာပဲဖြစ်ဖြစ် တာတေရာ၊ မနက်ဖြန်
ကဆုန်လပြည့်ညမှာ မင်းနဲ့ငါ အဲဒီမှန်ကြီးကို
သွားပြီး ရိုက်ခွဲပစ်လိုက်ကြရအောင်ကွာ၊
ဘယ့်နှယ်တုံး …"

"ဒီကိစ္စကို မနက်ဖြန်ညမှာ ကျုပ်လုပ်မှာပါ၊
ဒါပေမဲ့ ရမ်းလုပ်လို့တော့ မဖြစ်ဘူးဗျ၊
တော်တော်ကြာ အဲဒီမှန်ထဲကနေ ထွက်သွားပြီး
ရွာထဲက တခြားမှန်တွေထဲ လျှောက်ဝင်နေမှ
ဒုက္ခတွေ ဖြစ်ကုန်မှာ ကိုရင်ကောင်ရဲ့ "

"ဟေ …ဒါဆိုရင် မင်းဘယ်လိုလုပ်မှာတုံး"

"ကျုပ်လုပ်မယ် ကိုရင်ကောင်။ မနက်ဖြန်
ညတော့ ခင်ဗျားဘယ်မှမသွားနဲ့၊ ဒီအိမ်ကပဲ
ကျုပ်ကိုစောင့်နေ၊ ကျုပ်လာခေါ်မယ်
ကျုပ်လာမခေါ်မချင်း ခင်ဗျားဘယ်မှမသွားနဲ့နော်
ကိုရင်ကောင် "

" အေးပါကွာ "

"သြော် …နေဦးဗျ၊ ခင်ဗျားကောင်းသွားတာကိုလည်း
ဘယ်သူ့မှ မသိစေနဲ့ဦး။ ဒီအတိုင်းသာ ဆက်နေဦး
ကိုရင်ကောင် "

"အေး အေး၊ ငါသဘောပေါက်တယ် တာတေ"

"ကဲ …ဒါဆိုရင် ကျုပ် ကိုမင်းယာတို့ အိမ်ကို
ပြန်ဦးမယ် "

ကိုမင်းယာတို့ ဝိုင်းထဲကို ကျုပ်ပြန်ရောက်တော့
အားလုံးက ကျုပ်ကို စောင့်နေကြတာဗျို့။

"ဟာ …တာတေရာ၊ ငါတို့မှာ မင်းအတွက်
စိတ်ပူနေကြတာကွ၊ မင်းကလည်း အရူးရင်ကောင်
ခေါ်တာပဲ လိုက်သွားရတယ်လို့ကွာ"

ကိုမင်းဒင်က ကျုပ်ကို ပြောသဗျ။ ကျုပ်က
အဖြစ်အပျက်တွေကို ခပ်တိုတိုပဲ သူတို့ကို
ပြောပြတယ်။ သူတို့လည်း တော်တော်ကို
အံ့သြနေကြတာပေါ့ဗျာ။

"တာတေ…မင်းသတင်းကိုတော့ ငါတို့ ကြားပြီးသားပါ
ဒါပေမဲ့ မင်း ဒီကိစ္စ နိုင်ပါ့မလား "

"ဟာ…ရတယ် ကိုမင်းယာ၊ ကျုပ်စောစောက
ပြောသလို ကြက်တစ်ကောင်သာ ရှာပေးဗျာ၊
ပြီးရင် ထမင်းတစ်အိုး ချက်မယ်ဗျာ "

"ဟာ …ဒီအတွက် မင်းဘာမှ မပူနဲ့၊
မင်းစောစောက ပြောပြီးကတည်းက မင်းဒင်နဲ့၊
ကျော်မိုးနဲ့ ရွာထဲသွားကြပြီ၊ မင်းလိုတာတွေအားလုံး
ငါတို့ အဆင်သင့်လုပ်ပေးမယ်။ မင်းဒင်က
ငှက်ပျောဖက်ပါ တစ်ခါတည်း ခုတ်လာမှာကွ၊
မပူနဲ့ တာတေ"

တာတေ [ညမဖတ်ရ]Where stories live. Discover now