သင်္ချိုင်းထဲက ဗုံသံ part-1

1.3K 65 6
                                    

"ဟဲ့နွား ဘယ်ကို ဆွဲနေတုံး"

"တောက်၊ အော်"

"ဟဲ့နွား အဖြောင့်ဆွဲလေ၊ ဟာ၊ ဖြန်း"

"နွားဖြူကြီး ရုန်းဟ"

ကျုပ်ကို ကျုပ်သူငယ်ချင်း လာခေါ်တာဗျ။
မြို့ကျောင်းမှာ တက်တုန်းက ဒီကောင်နဲ့
တစ်ခန်းတည်းလေဗျာ။ဒီကောင်နာမည်က
'စံဘော်'တဲ့။ လူပုံက ညိုညိုတုတ်တုတ်၊ဂင်
တိုတိုဗျ။ ဒီကောင်က ကျောင်းတုန်းက ကျုပ်နဲ့
လွှတ်ခင်တဲ့ အကောင်။

ဘချစ်ရယ်၊ ဒီကောင်ရယ်၊ ကျုပ်ရယ် တတွဲတွဲ
နေခဲ့တာလေဗျ။ ဘချစ်က သုဿန်ကျောင်းကိုယ်
တော်ရဲ့ မွေးစာသားလေဗျာ။

ကျုပ်ကထနောင်းကုန်းသား၊ စံဘော်က ရွာတော်
ကြီးသားဗျ။ ရွာတော်ကြီးဆိုတာ ထီးဂလိုင်ဘက်မှာဗျ။

ထီးဂလိုင်ဘက်ကို သွားရင် တောင်ကျချောင်း
တစ်ချောင်းကို ကူးရသေးတယ်ဗျ။ အဲဒီချောင်း
ရဲ့ ဒီဘက်က ရွာက ရွာတော်ကြီးပဲ။

ချောင်းကနွေမှာတောင် ရေရှိတဲ့ ချောင်းလေဗျာ။ ဒါပေမဲ့
နွေဆိုရင် လှည်းဖြတ်မောင်းလို့ရတယ်။ ရွာ
တော်ကြီးက ချောင်းနဲ့ အနီးလေးဗျ။ ကျုပ်ဆီ
ကို စံဘော်နဲ့ သူ့အဘ ရောက်လာတာဗျ။ စံ
ဘော်အဘရဲ့နာမည်က 'ဦးစိန်ထော်'တဲ့ဗျ။
ကျုပ်တို့ ဘချစ်တို့ကတော့ ဦးစိန်ထော်ကို
ဘိုးထော်လို့ပဲ ခေါ်ကြတာ။

စံဘော် မြို့မှာ ကျောင်းနေတုန်းက ဘိုးထော်
က မကြာမကြာ ရောက်လာတတ်တာဗျ။ ဒါ
ကြောင့်လည်း ကျုပ်တို့နဲ့ စံဘော့်အဘ ဘိုး
ထော်တို့က တော်တော်ကို ခင်ကြတာဗျ။

"ဟာ …စံဘော်၊ ဟင်…ဘိုးထော်လည်း
ပါတာကိုး၊ လာကွ၊ လာကွ"

ကျုပ်က ခရီးဦးကြိုလိုက်တယ်။ ကျုပ်တို့ဝိုင်းထဲ
ကို အရောက် လာပို့ပေးတာက ကျုအကောင်
ကျောက်ခဲဗျ။

"တာတေရေ ရွာအဝင်မှာ ဒီညီလေး မောင်
ကျောက်တုံးနဲ့ တွေ့လို့ အဆင်ပြေသွားတာ
ဟေ့။ နို့မဟုတ်ရင် မင်းတို့ဝိုင်းကို တော်တော်ရှာယူသွားမှာ"

"ဟာ စံဘော်ကတော့ လုပ်တော့မယ်၊မောင်
ကျောက်တုံး မဟုတ်ပါဘူး ကျောက်ခဲပါ"

တာတေ [ညမဖတ်ရ]Where stories live. Discover now