နဂါးပတ် ကျော့ကွင်း

785 58 0
                                    

အညာနွေဗျ။ပူချက်ဗျာ။ နေ့လယ်နေ့ခင်းများကိစ္စရှိလို့
အပြင်ထွက်ရပြီဆိုရင် ခြေထောက်အောက်ကနင်းထားတဲ့
သဲတွေက မီးထတောက်တော့မလိုကိုပူတာဗျို့။

အိမ်ထဲက ခုံတွေ ၊ ကုလားထိုင်တွေ
ဆိုတာ တစ်နေကုန်ပူလို့ဗျာ။
ညဘက်ရောက်တော့လည်း တော်တော်နဲ့ကို
အိပ်လို့မရဘူးဗျ။ သိပ်အိပ်ချင်လွန်းတော့မှမှေးကနဲ ပျော်သွားတာ။

ဖျက်ကနဲ လန့်နိုးလာ
လို့ကတော့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲပြီး
ယပ်တစ်ဖျပ်ဖျပ် ခတ်လိုက်ရတာ လက်ပြုတ်မတတ်ပါဗျာ။

ဒါလည်း ကျုပ်တို့အညာသားတွေရဲ့ နွေ
စည်းစိမ်တစ်မျိုးထင်ပါရဲ့ဗျာ။ ဒီညလည်း
ကျုပ် အိပ်မပျော်နိုင်သေးဘူးဗျ။ ယပ်တောင်တဖျပ်ဖျပ်နဲ့လေဗျာ။

"ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်"

အိပ်မရပါဘူးဆိုမှ ခွေးက ထဟောင်နေပြန်ရောဗျ။

"ဟဲ့ တာတေ၊ မြောက်ဘက်ဝိုင်းကခွေးက
ဟောင်လှချေလား၊ ဝိုင်းနား လူတွေဘာတွေ
ကပ်သလား နည်းနည်းလောက် ထကြည့်ပါလား"

"ဒါ လူဟောင်တဲ့အသံ မဟုတ်ဘူးဗျ၊
တိရစ္ဆာန်ကို ဟောင်တဲ့ အသံဗျ အမေရ"

"ဟုတ်တယ် ငွေစိန်ရဲ့ ၊ ဒါ လူဟောင်တဲ့
အသံ မဟုတ်ဘူး၊ ရွာလမ်းပေါ်မှာ နွားတွေ
ဘာတွေများ လွတ်နေသလားမှ မသိတာ"

"ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ် ၊ ဝုတ်"

ခွေးက စူးစူးဝါးဝါးကို ဟောင်နေတာဗျ။
ဟောင်ပုံကလည်း အဆက်မပြတ်ကို
ဟောင်နေတာဗျို့။

"ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်"

ခွေးက တစ်ကောင်မဟုတ်ဘူးဗျ၊ နှစ်ကောင်၊
နှစ်ကောင်။ အသံနှစ်သံနှင့် ဟောင်နေတာလေဗျာ

"ဂျွမ်း၊ ဂျွမ်း၊ ဂျွမ်း၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ဝုတ်"

"ဟဲ့ တာတေ၊ ခြံစည်းရိုးကို တိုးပြီး ဒီဘက်
ဝင်လာပြီဟ၊ ထကြည့်စမ်း၊ ထကြည့်စမ်း"

အမေပြောတာ ဟုတ်တယ်ဗျ၊ မြောက်ဘက်ဝိုင်းနဲ့
ကျုပ်တို့ဝိုင်းကြားက ခြံစည်းရိုးက တချို့နေရာ
တွေ ဆွေးနေတာဗျ။ အဲဒီနေရာကနေ တိုးပြီး
ခွေးနှစ်ကောင် ကျုပ်တို့ဝိုင်းထဲ ရောက်လာတာ
ဖြစ်မယ်ဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now