မဲကြီးအင်း part-2

737 57 0
                                    

"မီးသွေးသရဲက လေးလေးဝယ်လာတဲ့ ငါးတွေ
လုချင်လို့နဲ့ တူတယ်ဗျ"

ကျုပ်က ပြောလိုက်တော့ လေးလေးစံချစ်က
ခေါင်းညိတ်ပြပြီး…

"သေချာတာပေါ့ မောင်တာတေရာ၊ ဒီကောင်
ငါးလုချင်လို့ လိုက်လာတာပေါ့ကွာ၊ လေးလေး
တွေ့သမျှ သရဲတွေမှာ မဲကြီးအင်းက မီးသွေး
ခဲလို မည်းနက်နေတဲ့ သရဲက ကြောက်စရာ
အကောင်းဆုံးပဲကွ"

"အကုသိုလ်အများကြီးနဲ့ သရဲဖြစ်သွားတာ
နေမှာပေါ့ လေးလေးရာ"

"ဟာ၊ သိပ်ဟုတ်တာပေါ့ကွာ၊ မောင်တာတေက
ဘယ်လို့တုံးကွဲ့၊ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့
သဘောကို သိနေတာပါလား"

ဘိုးတော်ကြီး ဦးစောဖေက ကျုပ်ကို ချီးမွမ်းတာဗျ။

"ဒီလိုပါ ဘိုးရယ်၊ ကျုပ်က ရွာမှာ ဆရာတော်နဲ့
အလှူတရားပွဲတွေ၊ ကထိန်တရားပွဲတွေကို ကျောင်း
သားလုပ်ပြီး လိုက်ခဲ့ရတော့ ဆရာတော်ဟောတဲ့
တရားတွေကို နားရည်ဝနေတာပါဘိုး"

"ဟာ၊ သိပ်ကောင်းတာပေါ့ မောင်တာတေရဲ့၊
ငယ်ငယ်ကတည်းက ကုသိုလ်၊ အကုသိုလ်ကို
ကွဲကွဲပြားပြား နားရည်နေတာ သိပ်ကောင်းတာပေါ့
လူကလေးရဲ့ "

ဒီည လက်ဖက်ရည်ဝိုင်းလေးက တော်တော်တော့
ဗဟုသုတ ရသားဗျ။ လေးလေးဆိတ်ဖွားလည်း
စျေးတော်တော်ရောင်းကောင်းတယ်ဗျို့။ ပါလာတဲ့
အညာကုန်တွေ တော်တော်လေး ကုန်သွားတယ်ဗျ။
ကျုပ်လည်း လေးလေးစံချစ်ရဲ့ ကိုယ်တွေ့သရဲအ
ကြောင်းတွေကို တော်တော်လေး ကြားလိုက်ရတယ်။
ညဆယ်နာရီလောက် ရောက်တော့မှ ဓါတ်မီးတွေ
တဝင်းဝင်းထိုးပြီး ပြန်သွားကြလေရဲ့ဗျို့။ဒီတော့မှ
ကျုပ်တို့လည်း အိပ်ရာဝင်ခဲ့ကြတာပေါ့ဗျာ။ ခရီး
ကလည်း ပန်းလာတာဆိုတော့ ကျုပ်လည်း တစ်
ချိုးတည်း အိပ်ပျော်သွားတာဗျို့။

"ဒေါင် ဒေါင် ဒေါင် ဒေါင် လိုက်ဟေ့ လိုက်ဟေ့
လူကပ်လာတယ်၊ လိုက်လိုက် လိုက်ဟေ့"

ကျုပ် လန့်သွားတယ်ဗျ။ ဘယ်အချိန်မှန်းတော့
မသိဘူး။ရွာထဲက သံချောင်းခေါက်သံတွေ
ကြားရတယ်ဗျ။

"သူခိုးကပ်တာထင်တယ်"

ဘထွေး အုန်းခိုင်က ပြောလိုက်တာဗျ

တာတေ [ညမဖတ်ရ]Where stories live. Discover now