အင်းသရဲ part-1

888 54 1
                                    

ကိုပန်းဦးဆိုတာ ဘန့်ဘွေးကုန်းကဗျ။တာတေ့ကို လွှတ်ခင်တာ။

တာတေတို့တွေက ညီအစ်ကိုလိုနေတဲ့ သူတွေပေါ့
ဗျာ။ တာတေ့ရည်းစား လှယဉ်သေသွားတော့ ဘန့်ဘွေးကုန်းရွာသားတွေကတာတေ့ကို အားကြီးသနားကြတာဗျ။

လှယဉ်ဆုံးတော့ တာတေ တော်တော်စိတ်ထိခိုက်ခဲ့ရတာပေါ့ဗျာ။ ဘယ်မှကိုမသွားချင်တော့တာ။ သွားချင်စိတ်
လည်း မရှိဘူးဗျ။ အိမ်မှာပဲ ခွေနေတယ်။ အဘတော့ ယာထဲကို
အမြဲလိုက်တယ်။

အဘကလည်း ကျုပ်ကို သနားတော့
အိမ်မှာနေခဲ့လို့ ပြောပါတယ်။

အိမ်မှာထိုင်နေရင် ပိုဆိုးမှာပေါ့ဗျာ။ ဒါကြောင့်အလုပ်ကို ဖိလုပ်ပြီး
ခံသာအောင်နေခဲ့ရတာပေါ့။ တစ်ညတော့ ဝိုင်း
နောက်ဘက်မှာ တာတေ နွားစာစဉ်းနေတုန်း အိမ်ရှေ့
ကခေါ်သံကြားလိုက်ရတယ်။

"တာတေ၊ ဟေ့ တာတေ"

ဒီအသံကို ကျုပ်ကြားဖူးပါတယ်ဆိုပြီး
တွေးနေတာဗျ။

"အမေရေ ဝိုင်းဝက ကျုပ်ကို ခေါ်နေတာ
ဘယ်သူတုံး"

"အေး ငါလည်း အဲဒါ ကြည့်နေတာ၊
ဘယ်သူတုံး မသိဘူး၊ နင် သွားကြည့်
လိုက်စမ်း တာတေ"

ကျုပ် ဝိုင်းဝကို ခပ်သုတ်သုတ် ထွက်ခဲ့တယ်
ဝိုင်းဝမှာ ရပ်ပြီး ကျုပ်ခေါ်နေတဲ့သူ ထန်း
ပလက်ခမောက်ကလေး ဆောင်းလို့ဗျ။

"ဟာ ကိုပန်းဦးကြီးပါလား၊ လာလေဗျာ၊
ဘယ့်နှယ် ဝိုင်းဝမှာ မတ်တတ်ကြီးရပ်လို့
ဝင်ခဲ့လေဗျာ"

ကျုပ်က ကိုပန်းဦးကို လှမ်းခေါ်တယ်၊
သူ့ကိုတွေ့တော့ ကျုပ်လှယဉ်ကို သတိရမိပြန်ရောပေါ့ဗျာ။ လှယဉ် ရှိတုန်းကကျုပ်နဲ့ လှယဉ်နဲ့ ချိန်းရင် ကိုပန်းဦးကြီးက ချိန်းပေးရတာဗျ။

"လာ ကိုပန်းဦး အိမ်ပေါ်တက်ဗျ"

"ဟာ ပန်းဦး၊ မင်းအဖေ ကိုစံဖူး နေ
ကောင်းရဲ့လားဟေ့"

အဘက ကိုပန်းဦးကို ကုလားထိုင်မှာ ထိုင်ခိုင်းပြီး သူ့သူငယ်ချင်း
ဘိုးစံဖူးအကြောင်း မေးတယ်ဗျ။ နောက်ကထွက်လာတဲ့
အမေကလည်း…

"ဟဲ့ ပန်းဦးရယ်၊ နင့်ကို ဘယ်သူမှန်းကို
မသိတာဟေ့၊ မျက်စိတွေကလည်း မ
ကောင်းတော့ပါဘူးဟာ"

တာတေ [ညမဖတ်ရ]Where stories live. Discover now