ကျောက်မျက်လုံးဂူ part-2 final

744 58 0
                                    

"ဟဲ့ တာတေ၊ ထတက်ပြီး ထမင်းလေး
ဘာလေး စားဦးလေ"

"ဟင် ဘယ်အချိန်ရှိပြီလဲ အမေ"

"ညနေ သုံးနာရီတောင် ထိုးပြီဟဲ့"

" ဗျာ၊ ဒီလောက်တောင် ရှိပြီလား"

ကျုပ် အိပ်ရာက ကပျာကယာထပြီး
ထမင်းခပ်သုတ်သုတ် စားလိုက်တယ်။
အချိန်တောင် နည်းနေပြီဗျ။ ခဏနေ
တော့ ကျောက်ခဲနဲ့ သံမဏိရောက်လာ
တယ်။ကျုပ်က သံမဏိကို ကြက်ဝယ်
ခိုင်းတယ်။ကျောက်ခဲကိုမီးလောင်ကုန်း
က နတ်ဝင်သည် ဒေါ်ထွန်းကိုခေါ်ခိုင်း
တယ်။တကယ်တေည့ ဒေါ်ထွန်းက
ငွေတွင်းကုန်းကဗျ။

သူ့သားအိမ်ထောင်ကျပြီးမီးလောင်
ကုန်းကိုပြောင်းနေတော့သူပါမီးလောင်
ကုန်းကို လိုက်လာတာ။ကျုပ်တို့အတွက်
ကတော့ ပိုနီးသွားတာပေါ့ဗျာ။

"ကိုကြီးတာတေ၊ ဒေါ်ထွန်းအတွက်တော့
မပူနဲ့ဗျ၊ ဒေါ်ထွန်း ကျုပ်တို့ရွာကို ရောက်
နေတယ်။ညကတည်းက သူရှိတယ်။ကျုပ်
တို့ဖြစ်တာတွေကို ဒေါ်ထွန်း အားလုံးသိ
တယ်။ခုလည်း ဒေါ်ထွန်းက ကျုပ်ကို…

"ဒီညတော့ တာတေ တစ်ခုခုလုပ်
လိမ့်မယ်ထင်တယ်တဲ့၊ ကိစ္စရှိရင်
ငါ့လာပြော၊ ကြားလား ကျောက်ခဲ။
ငါ နင့်အရီးလေး လုံးကြည်တို့အိမ်
မှာရှိတယ်'လို့ ပြောလိုက်တယ်ဗျ။
အဲဒါလည်း ပြောရင်း ကိုကြီးတာ
တေ တစ်ခုခုလုပ်ရင် ကူပြီးလုပ်
ပေးရအောင် လာတာဗျ"

"သြော်…အေး၊ ဒါဆိုရင် မင်းပါ
သံမဏိနဲ့ လိုက်သွားကွာ၊ ပြီးရင်
ငှက်ပျောဖက်ပါ ခုတ်ခဲ့"

"ဟုတ်ကဲ့ ဟုတ်ကဲ"

ဒီကိစ္စတွေကိုဒီကောင်နှစ်ကောင်လုပ်
နေကျပဲဗျာ။ အားလုံးကို သိနေပါပြီ။
ကျုပ်က ဝိုင်းထဲမှာ မီးမွှေးပြီး ထမင်း
အိုးတည်ထားလိုက်တယ်။ပြီးတော့
ငရုတ်သီးထောင်းထားတယ်။ကျောက်
ခဲတို့နှစ်ယောက် ကြက်ဝယ်ပြီး ပြန်
လာတော့ ကျုပ်ထမင်းအိုးက ဆူ
တောင်နေပြီ။ ဟင်းအိုးကျက်တော့
ညနေ ခြောက်နာရီလောက် ရှိပြီ။
ဆောင်းတွင်းဆိုတော့ မှောင်တာ
စောတာပေါ့ဗျာ။

ကျောက်ခဲနဲ့ သံမဏိကိုပါ အမေက
အိမ်မှာ ထမင်းကျွေးတယ်။ကျုပ်အိပ်
နေကတည်းက အမေက ကြက်သား
တစ်အိုး ချက်ထားတာဗျ။အိမ်မှာဟင်း
ရှိတော့ ကျောက်ခဲတို့ကိုပါ ထမင်း
ကျွေးတာပေါ့ဗျာ။ ကျောက်ခဲနဲ့သံ
မဏိကလည်း ကျုပ်တို့အိမ်မှာ စား
နေကျပါ။ ညရှစ်နာရီဆိုတာ ကျုပ်
တို့ရွာဓလေ့တော့ မိုးတော်တော်
ချုပ်နေပြီဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now