သင်္ချိုင်းထဲက ဗုံသံ part-3 final

973 68 0
                                    

"သြော်…ပြောပါဦး ကိုကြီးသာဒွန်းရဲ့၊
ဘာတွေများ ထူးထူးခြားခြား ဖြစ်သေးတုံး"

"အဲဒီလို လူသေတော့မယ်ဆိုရင် ညဘက်
မှာ တစ်ရွာလုံး ကျီးတွေပျိုတော့တာပဲကွာ၊
ကျီးပျိုတာမှ တဝေါဝေါ ပျိုတာဟေ့၊ တစ်
ညကို ဆယ်ခါလောက် ပျိုတာကွ၊ရွာထဲရှိ
သမျှ ခွေးတွေလည်း အူလိုက်တာမှကွ
တစ်ညလုံးပဲဟေ့"

"ဟာ …တော်တော်ကို ကြောက်စရာကောင်း
တာပါလား ကိုကြီးသာဒွန်းရဲ့"

"နေဦး တာတေ၊ ငါအရေးကြီးတာတစ်ခု
မင်းကို ပြောရဦးမှာ၊ အဲဒီလို ကျီးတွေ တစ်
ညလုံးပျိုပြီး ခွေးတွေ တစ်ရွာလုံး အူနေတဲ့
အချိန်မှာ ဗုံရှည်ကြီးတီးတဲ့အသံ အမြဲကြား
ရတယ်ကွ၊ ဗုံရှည်တီးသံ ဆိုပေမယ့် သာ
သာယာယာအသံ မဟုတ်ဘူးကွ၊ တစ်မျိုး
ကြီးပါကွာ၊ ဗုံ ဗုံ၊ ဗေပုံ၊ ထီ၊  ဗုံ၊ ဗုံ၊ ဗေပုံထီ'
ဆိုတဲ့ အသံမျိုးကြီးကွ၊ အသုဘချတဲ့ဆိုင်း
သံလိုမျိုးကြီးပါကွာ"

"ဟင်…ကိုကြီးသာဒွန်းတို့ရွာမှာ ဖြစ်နေတာက
အဆန်းသားကလားဗျ၊ နို့ အဲဒီဗုံရှည်သံကြီးက
ဘယ်ကနေ ပေါ်လာတာတုံးဗျ"

"သင်္ချိုင်းထဲကလေ၊ ငါတို့ ဆပ်သမြောင်
သင်္ချိုင်းထဲက တီးနေတဲ့အသံကွ"

"ဟာ…ကိုကြီးသာဒွန်းတို့ သွားမကြည့်ကြဘူး
လား"

"ကြည့်တယ်ကွ တာတေရ၊ ငါတို့ရွာက
သတ္တိရှိတဲ့ကောင် နှစ်ယောက် သုံးယောက်
စုပြီးသွားကြည့်တယ်၊ ဘာမှမမြင်ရဘူးတဲ့
ကွ။ အသံကတော့ သင်္ချိုင်းထဲက ထွက်တာ
သေချာတယ်လို့ ဒီကောင်တွေ ပြောတာကွ"

ကျုပ်လည်း ခုပဲ ရွာတော်ကြီးက ပြန်လာတာ
လေဗျာ။ အိမ်ပေါ်ရောက်ရုံရှိသေးတာ။ ဒါပေ
မဲ့ ဆပ်သမြောင်မှာက သေရေးရှင်ရေး ဖြစ်နေ
တာဗျ။ အမေနဲ့ အဘကို နှုတ်ဆက်ပြီး ကျုပ်
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလိုက်တယ်

"ကဲ ကိုကြီးသာဒွန်း သွားကြစို့ဗျာ"

ဒီတော့မှ ကိုကြီးသာဒွန်းလည်း ဝမ်းသာ
သွားတော့တာဗျို့။

"တာတေ ငါ့မှာ လှည်းပါလာတယ်၊ မီးလောင်
ကုန်းက ဘကျော်တို့အိမ်မှာ လှည်းဖြုတ်ထား
ခဲ့တာကွ၊ မင်း ဘကျော်ကို သိတယ်မို့လား။
ငါ့ညီမ မိဆောင်းနဲ့ ရတာလေကွာ"

တာတေ [ညမဖတ်ရ]Where stories live. Discover now