ငရဲဂူမှ တစ္ဆေထောင် part-2 final

850 61 0
                                    

"ဟီး  ဟီး  ဟီး  ဟီး"

ဟာ  ခေါင်မိုးပေါ်ကအကောင်ကြီးမြင်သွားပြီဗျိူ့။

ချက်ချင်းမတ်တပ်ထရပ်လိုက်တာဗျာ။ပါးစပ်ကလည်း

"ဟီးဟီး  ဟီးဟီး"နဲ့အော်နေတယ်ဗျ။

ဒါပေမယ့်နောက်ကျသွားပြီဗျိူ့။
  
ကောင်းကင်ကပျံလာတဲ့ အကောင်ကြီးသုံးကောင်ထဲက

တစ်ကောင်က လက်ထဲက ဝင်းခနဲ ဝင်းခနဲဖြစ်သွားတဲ့အရာ

တစ်ခုနဲ့လှမ်းပစ်လိုက်တယ်။ဟာ  သိန်းဇော်တို့အိမ်ကြီးရဲ့

ခေါင်မိုးပေါ်မှာမတ်တတ်ရပ်နေတဲ့ ဆင်ထက်ကြီးမယ့်

အင်းဝခေတ်ကတစ္ဆေကြီးကို ကြိုးတုပ်ပြီးသားဖြစ်နေပြီဗျိူ့။

တစ္ဆေကြီး လှုပ်ကိုမလှုပ်နိုင်တော့ဘူးဗျာ။ဒီတော့မှ

နောက်က ထိုးဆင်းလာလာတဲ့ အတောင်မည်းမည်းကြီးတွေနဲ့

သရဲကြီးနှစ်ကောင်က အင်းဝတစ္ဆေကြီးရဲ့လက်မောင်းကြီးတွေ

ကို တစ်ဖက်စီမပြီး ကောင်းကင်ကိုပျံတက်သွားလေရဲ့ဗျာ။
    
ဆင်ကြီးတစ်ကောင်ထက်ကြီးတဲ့ တစ္ဆေကြီးကို ဆွဲခေါ်သွား

လိုက်တာများ ခေါင်းအုံးလေးတစ်လုံးကိုဆွဲသွားသလို

ပေါ့ပေါ့ပါးပါးလေးပါသွားတာဗျိူ့။
   
မဖဲဝါပြောသလိုဆိုရင်တော့ ငရဲဂူကြီးထဲမှာရှိတဲ့ တစ္ဆေထောင်

က တစ္ဆေဆိုးကြီးတွေကိုထိန်းတဲ့ တစ္ဆေထိန်းကြီးတွေလိုက်

လာပြီး ပြန်ခေါ်သွားတာဖြစ်မယ်ဗျ။

ကျူပ်မြင်လိုက်ရတဲ့ အဖြစ်မပျက်တွေကို သရက်ပင်အောက်

ရောက်တော့ သိန်းဇော်တို့ ကျောက်ခဲတို့ကိုပြန်ပြောပြလိုက်

တယ်။ ဒီကောင်တွေဆိုတာ အံ့သြလွန်းလို့ ပါးစပ်ဟောင်း

လောင်းတွေကို ဖြစ်နေကြတာဗျ။ကျူပ်ပြောပြတာမို့လို့သူ

တို့ယုံနေကြတာ။တခြားသူဆိုပြောတာဆိုလို့ကတော့

နည်းနည်းမှကိုယုံကြမှာမဟုတ်ဘူးဗျ။
   
သိန်းဇော်က သူ့အဘနဲ့ အမေရော၊သူ့အစ်မတွေရော

တာတေ [ညမဖတ်ရ]Where stories live. Discover now