ထူးဆန်းသောဖုတ်ကောင် part-3 final

1.4K 96 0
                                    

လကွယ်နေတော့ ရောက်ပြီဗျို့။

"တာတေရေ မင်းရွာထဲလှည့်ပြီး ဆော်သြလိုက်ကွာ။
ယာထဲဆင်းတဲ့ လူတွေ ညနေသုံးချက်တီးအရောက်
ရွာထဲ ပြန်ဝင်ကြရမယ်။ ညနေ ငါးနာရီထိုးတာနဲ့
ရွာပြင်က လူကို အဝင်မခံတော့ဘူးလို့ပြော။
အိမ်တံခါးတွေရော ရွာတံခါးပါ ညေန ငါးနာရီ
အပြီးပိတ်ကြရမယ်။ ပြီးရင် တစ်ညလုံး
အိမ်ပြင်ကို ဘယ်သူမှ မထွက်ကြစေနဲ့ကြားလား"

"ဟုတ်ကဲ့ဆရာ ကျုပ်အခု လူခွဲပြီး ဆော်သြလိုက်မယ်"

ပြောပြောဆိုဆိုပဲ ကျုပ်က တိုးလှတို့ လူကျော်တို့ကို
ခေါ်ပြီး လူငယ်တွေ စုခိုင်းတယ်။ပြီးတော့ပြောရမဲ့
စကားတွေ သင်ပေးတယ်။

အိမ်စဉ်လှည့်ပြီး ဆော်သြခိုင်းလိုက်တယ်။

ညေန(၃)နာရီလောက်မှာပဲ ငွေတွင်းကုန်းက
နတ်ဝင်သည် ဒေါ်ထွန်းကြီး ရောက်လာတယ်ဗျ။
ရွာသားတွေကလည်း ကျုပ်တို့ ဆော်သြထားတဲ့အတိုင်း
ရွာထဲကို ခပ်သုတ်သုတ် ပြင်ဝင်လာကြတယ်။

ဆရာကျော်ကိုယ်တိုင်လည်း ဘုရားစင်မှာ
ဖယောင်းတိုင်တွေထွန်းပြီး ဘုရားရှိခိုင်းတယ်ဗျ။

ညေနငါးနာရီ ထိုးတာနဲ့ ရွာတံခါးတွေ ပိတ်လိုက်ကြတယ်။
အိမ်တံခါးတွေလည်း ပိတ်လိုက်ကြတယ်။
ရွာက ခွေးတွေ ဆိုတာမ်ား ကြောက်လိုက်ကြတာ
မပြောပါနဲ့တော့။တအီအီနဲ့ အော်ပြီး
တံခါးတွေ အတင်းတိုးတော့တာဗျို့။

"ဟဲ့ ခွေးကို ဖွင့်မပေးနဲ့ အပြင်မှာထားလိုက်
အပဆိုတာ ခွေးနဲ့ ကပ်ပါလာတတ်တာ"

လို့ လူကြီးတွေက ပြောတော့ ခွေးတွေကို
အိမ်ပြင်မှာပဲ ထားကြရတာပေါ့။
ညမိုးချုပ်စအပြုမှာ ဆရာကျော်ရယ်
ကျုပ်ရယ် တိုးလှရယ် တျခားကာလသား
နှစ်ယောက်ရယ် ဒေါ်ထွန်းကို ခေါ်ပြီး
ရွာပြင်ထွက်ကြတယ်။

ထနောင်းကုန်းသုဿာန်ကို သွားကြတာဗျ။
သုဿာန်ထဲရောက်တော့ မှောင်နေပြီဗျို့။
ကာလသားနှစ်ယောက်က ရွာတံခါးမှာ
စောင့်ကျန်ခဲ့တယ်။ကျုပ်တို့ပြန်လာမှ
ပြန်ဖွင့်ပေးဖို့ ဆရာကျော်က မှာတယ်။

သုဿာန်ထဲရောက်တော့ မြက်ခင်းပြင်လေးပေါ်မှာ
ဆရာကျော် အသင့်ယူလာတဲ့ ထမင်းထုတ်ကို
ဖြေချလိုက်တယ်။ကြက်သားဟင်းဗျ။
ကြက်တစ်ကောင်လုံးကို ချက်ထားတာ
ထမင်းပေါ်မှာ ဟင်းတုံးကြီးတွေ ဖြန့်ထားတယ်။

တာတေ [ညမဖတ်ရ]Where stories live. Discover now