ဈေးသရဲ part-2 final

1K 69 0
                                    

"ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်"

အထိုင်ကင်းကလူက တစ်နာရီ တစ်
ခါ တစ်ခါ နာရီသံချောင်းခေါက်ရသ
ဗျ။သံချောင်း ဆယ့်တစ်ချက်ခေါက်
ပြီး ကျုပ်နဲ့ ကားယားကလည်း အထိုင်
ကင်းမှာ ထိုင်နေကြတာလေဗျာ။

"ဟာ ချကြပြီဟေ့ တာတေရ၊
လာ လာ မင်းကြည့်မယ်ဆိုရင်
ငါလိုက်ပြမယ်"

ကားယားက ရှေ့က ပုကွကွ ကား
ယားကားယားနဲ့ သွားရောဗျာ။ကျုပ်
ကလည်း သူ့နောက်က ကပ်လိုက်
လာတာပေါ့ဗျာ။ အနောက်မှာ အ
ထိုင်ကင်းသမားကြီးပါ လိုက်လာ
တာဗ်။

"မင်းတို့နှစ်ယောက်စလုံး ထသွားတော့
ငါတစ်ယောက်တည်း မနေဝံ့တော့ဘူး
ကွ တင်မြင့်ရ"

အထိုင်ကင်းသမားက တင်မြင့်ကို
ပြောတာဗျ။

"ကိုစံပွင့် ဒါ ငါးခြောက်တန်းဘက်က
အသံထင်တယ်ဗျ"

"အေး ဟုတ်တယ်၊ ဟုတ်တယ်၊ သွား
သွား အဲဒီကို သွားဟေ့"

ကားယားက စျေးမြောက်ဘက်ကို ချိုး
ဝင်လိုက်တယ်။

"ဝုန်း၊ ဝုန်း၊ ဂျိုင်း၊ ဂျိုင်း"

ဟာ တွေ့ပြီဗျို့၊ တွေ့ပြီ။ မဲမဲအကောင်
ကြီးတစ်ကောင်နဲ့ ဆံပင်ဖားလျားချထား
တဲ့ လူလိုလို သရဲလိုလိုတစ်ယောက်နဲ့
သတ်နေကြတာဗျ။

"ကားယား ရပ်တော့၊ ရှေ့ဆက်မသွားနဲ့"

ကျုပ်က လေသံနဲ့ ပြောလိုက်တော့မှ
ဒီကောင် ကားယားတုန့်ကနဲ ရပ်သွား
တာဗ်။

"ကားယား မင်းကို ငါ မေးဦးမယ်"

"ဘာတုံး တာတေ"

"ဆုံးသွားတဲ့ မင်းတို့ညစောင့်ကြီးက
ဘယ်လိုပုံတုံးကွ"

"အရပ်ထောင်ထောင်မောင်း သျှောင်
ထုံးကြီးနဲ့ကွ"

"သေတုန်းက စွပ်ကျယ်နဲ့ ပုဆိုးအပြာ
ကွက်တုံးကြီးနဲ့လား ကားယား"

"အေး ဟုတ်တယ် တာတေ၊ မင်း
ဘာမြင်ရတုံး"

"မင်းတို့ ဘလောကြီး မကျွတ်သေးဘူး
ကွ၊ သရဲမဲမဲအကောင်ကြီးနဲ့ အကြိတ်
အနယ် သတ်နေတာ၊မင်းတို့ စျေးစောင့်
ဘေလာကြ"

တာတေ [ညမဖတ်ရ]Where stories live. Discover now