ဂူဖောက်သူ part-2

1.2K 66 0
                                    

"အင်း ခင်ဗျား အခါရွေးတာတော့ တော်
တော်ဟုတ်တာပဲဗျ၊ ကိုကြီးဘစိန်"

"ဟာ ငါက ဘိန်းစားဘစိန်လေကွာ။
ဘိန်းလေးမူးမူးနဲ့ ဒါကိုပဲ တတွေးတွေးလုပ်
နေတာ ကြာလှပြီလေကွာ"

ကျုပ်ဘိန်းစား ဘစိန်ပြောတာကို ဆေးလိပ်
ဖွာရင်းတွေးကြည့်နေမိတယ်။ မိရင်တော့
မလွယ်ဘူးဗျ။ ဒါပေမဲ့ ကျောက်စိမ်းလက်စွပ်
ကြီးကိုတော့ တော်တော်ကို စိတ်ဝင်စား
သွားတာဗျို့။ ဒါမျိုးကြားရရင် ဘယ်သူမဆို
စိတ်ဝင်စားကြမှာပါဗျာ

"ကဲ၊ ဘယ်လိုလဲ တာတေ"

"ကိုကြီးဘစိန်ရာ တာတေပါဗျာ"

"အေး ကြိုက်ပြီပေါ့၊ ငါသိပြီးသားပါကွာ။
မင်းလိုလူက ဒီလိုစွန့်စားရမဲ့ ကိစ္စကို လက်
လွှတ်မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ ကိုကြီးဘစိန် ခင်ဗျားသိတဲ့အတိုင်း
ဘုရားပွဲရက်ဆိုတော့ ရွာကလူတွေလည်း
ပြန်ရောက်နေကြတာ တခြားရွာက လူ
တွေလည်း ရောက်နေကြတာဆိုတော့
ရွာမှာ လူတွေပြည့်နေပြီဗျ။ တော်တော်
တော့ သေသေသပ်သပ် လုပ်မှရမယ်"

"ဟုတ်တာပေါ့ကွ။ အဲဒီတော့ မင်းနဲ့ငါလည်း
ထပ်မတွေ့တော့ဘူး။ မင်းသဘောတူပြီဆို
တော့ ဘာမှထပ်ပြောစရာလည်း မရှိတော့
ဘူးလေ။ လပြည့်ညမှာ ညဆယ်နာရီ အ
ရောက် ဘန့်ဘွေးကုန်းသုသာန်ကို မင်း
အရောက်လာခဲ့ တာတေ။ ရွှေသွားဟုတ်
စိန်ရဲ့ ဂူကိုတော့ မင်းသိတယ်မို့လား"

"ဟာ သိပါတယ်ဗျာ။သင်္ချိုင်းမြောက်ဘက်
ကုက္ကိုပင်ကြီးတွေအောက်က ဂူကြီးအကြီး
လေ"

"အေး ဟုတ်ပြီ လိုတဲ့ပစ္စည်းကိရိယာတွေ
ငါအားလုံးယူခဲ့မယ် ။ မင်းဘာမှ ယူခဲ့စရာ
မလိုဘူး။လူသာရောက်အောင်လာခဲ့ မင်း
ဝေစုကတော့ တစ်ဝက်တိတိပဲ"

"ဟာ…ရပါတယ်ဗျာ။ ကျုပ်က စွန့်စွန့်စားစား
လုပ်ရရင် ကျေနပ်တဲ့ကောင်ပါဗျာ"

"အေး ကောင်းပြီ ငါသွားမယ် တာတေ"

ပြောပြောဆိုဆို ဘိန်းစားဘစိန်က ခါးကြီး
ကိုင်းကိုင်း ကိုင်းကိုင်းနှင့် အိမ်ဝိုင်းထဲက
ထွက်သွားလေရဲ့။

ကျုပ်မျှော်လင့်နေတဲ့လပြည့်ညတော့
ရောက်ပြီဗျ။ ကျုပ်တို့ ရွာဘုရားပွဲကလည်း
လွှတ်ကိုစည်တာဗျို့။ကျုပ်စိတ်ထဲမှာ ခါတိုင်း
ထက်ကို ပိုစည်တယ်လို့ ထင်တယ်ဗျ။
ပွဲခင်းကြီးထဲမှာ ညနေထဲကကို လူပြည့်
နေတာဗျ။ စျေးတန်းမှာလည်း တိုးမပေါက်
ဘူးဗျ။ ကျုပ်ကတော့ အချိန်တကြည့်ကြည့်
နဲ့ပေါ့ဗျာ။ ကျုပ်ကို လူတိုင်းမြင်အောင်လည်း
ဟိုဟာလုပ်သလို ဒီဟာလုပ်သလို လုပ်ပြ
ရသေးတယ်ဗျ။

တာတေ [ညမဖတ်ရ]Where stories live. Discover now