ငရဲခွေး part-3 final

1.8K 161 0
                                    

"ကိုကြီးတာတေ ဘယ်လိုတုံး၊ ကိုသာစိန်
ကြီး အော်သံတော့ ပျောက်သွားပြီဗျ၊ သေ
သွားပြီ ထင်တယ်"

ကျောက်ခဲက ကျုပ်ကို မေးတယ်။

"ကိုထွန်းဇံက ဆွဲလိုက်ပါဆိုဗျာ"

"ဟာ ကိုပြားနှယ် ဘယ့်နှယ်ဆွဲမှာတုံးဗျ၊
ဟိုခေါင်းရင်းကနေ ခြေရင်းထရံအထိ ဒ
ရွတ်တိုက်ဆွဲသွားတာ သာစိန် တဒုန်းဒုန်း
နဲ့ ပါသွားတာ၊ ခင်ဗျားတို့ အမြင်ပဲလေ။
ဘယ့်နှယ့်လုပ် ဆွဲလို့ရမှာတုံးဗျ"

"အင်း…ဒါတော့လည်း ဟုတ်တယ်ဗျ။
ထရံခဲနေလို့ဗျ၊ မဟုတ်ရင် ဘယ်အထိ
ပါသွားမလဲ မပြောတတ်ဘူး"

"နို့ ဘာကောင်က ဆွဲသွားတာတုံးဗျ"

"မသိဘူးလေဗျာ၊ ကျုပ်တို့တော့ ဘာမှ
လည်းမမြင်၊ ဘာမှလည်း ကြားတာမဟုတ်
တာ၊ သာစိန်ပြောတဲ့ ခွေးနက်ကြီးတွေလား
မှ မသိတာ"

လူကြီးတွေ တစ်ယောက်တစ်ပေါက်
ပြောတဲ့အသံက အမှောင်ထဲကို တိုး
ထွက်လာတာဗျ

"ကိုကြီးတာတေ ကိုသာစိန်ကြီးကိုလည်း
ခွေးကြီးတွေ ချီသွားတာပဲလားဗျ"

"အေး ဟုတ်တယ်ကွ ကျောက်ခဲရ၊
ခေါင်းက တစ်ကောင်၊ခြေထောက်က
တစ်ကောင်၊ ပါးစပ်ကြီးထဲမှာ ကိုက်ပြီး
ခြံစည်းရိုးကို ခုန်ထွက်သွားတာ၊ နောက်
တစ်ကောင်က နောက်က လိုက်သွား
တယ်"

"ဒါလည်း ကိုသာစိန်ရဲ့ဝိညာဉ်ကို ချီသွား
တာနဲ့ တူတယ်နော် ကိုကြီးတာတေ"

"ဟုတ်တာပေါ့ကွ  ကျောက်ခဲရ၊ ဒီတစ်ည
တည်းမှာတင်  တို့ရွာသား  နှစ်ယောက်ကို
ခွေးနက်ကြီးတွေ ချီသွားတာကွ၊တော်တော်
ကို ထူးဆန်းပြီး တော်တော်ကိုစိတ်မကောင်း
စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲကွာ"

ကျောက်ခဲနဲ့ သံမဏိကို အိမ်ပြန်ပို့ပြီး ကျုပ်
အိမ်ပြန်ရောက်တော့ မနက်သုံးနာရီတောင်
ထိုးပြီဗျ။ ကျုပ်လည်း အိပ်လို့မပျော်တော့
ပါဘူးဗျာ။ အိမ်ရှေ့က သစ်သားတန်းလျား
လေးမှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်တစ်လိပ်ကို မီးညှိလိုက်တယ်။ ဆေးပေါ့လိပ်ကလေးဖွာရင်းနဲ့ ဒီည ကျုပ်မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြီး စဉ်းစားနေတော့တာပေါ့ဗျာ

တာတေ [ညမဖတ်ရ]Where stories live. Discover now