ငရဲခွေး part-1

2.7K 162 3
                                    


ဒီလောကမှာ မယုံနိုင်စရာတွေ အများကြီးဗျ။

ကျုပ်ဆိုတဲ့ကောင်က ငယ်ငယ်လေးကတည်းက  လွှတ်စပ်စုတဲ့ကောင်လေ။

ခုလောက်ဆို ခင်ဗျားလည်းကျုပ်အကြောင်း သိနေရောပေါ့ဗျာ။ကျုပ်ကို ခုမှသိတာဆိုရင်လည်း ကျုပ်အကြောင်းတွေကို ရှာကြည့်ဗျာ။

ကျုပ်ရေးခဲ့တဲ့ ကျုပ်ကိုယ်တွေ့အဖြစ်အပျက်တွေ ဒီရှေ့မှာ ကိုးအုပ် ရှိခဲ့တယ်ဗျ။

ပထမဆုံးက 'ကိုယ်တွေ့မဖဲဝါ'၊ နောက်တစ်အုပ်က 'ကဝေဆယ့်နှစ်ကြိုး'၊ နောက်တစ်အုပ်က 'သင်္ချိုင်းတစ်ရာ မဖဲဝါ၊နောက်တစ်အုပ်က 'သံလက်ဝါး မဖဲဝါ'၊ နောက်တစ်အုပ်က'သင်္ချိုင်းရှင်မ မဖဲဝါ၊ ပြီးတော့ 'ကဝေပျံ'၊ ပြီးတော့ 'မဖဲဝါရဲ့အိမ်၊ ပြီး
တော့ 'ကိုယ်တူကိုယ်ခွဲ မဖဲဝါ၊ ပြီးတော့ 'မဖဲဝါကို ကိုက်တဲ့တစ္ဆေ'တဲ့။

ကဲ ဒါတွေ  ဖတ်လိုက်ရင်  ကျုပ်အကြောင်းသိရောဗျာ။

တာတေဆိုတဲ့ကောင် ငယ်ငယ်ကလေတည်းက ဘယ်လောက်စပ်စုတယ်ဆိုတာ။

တကယ်တော့ ကျုပ်က ဆရာလည်း 
မဟုတ်၊  သမားလည်း မဟုတ်ဗျ။ ရိုးရိုးပြောရရင်တော့ ကျုပ်က သိချင်တာပါဗျာ။

ကျုပ်သိချင်တယ်ဆိုတာကလည်း တော်ရုံ
တန်ရုံသိချင်တာတော့ မဟုတ်ဘူးဗျို့။ ည
အိပ်လို့မပျော်အောင်လို့ သိချင်တာဗျ။ ဒီအ
ကျင့်ကြောင့်လည်း ကျုပ် မဖဲဝါကို သိခဲ့တာပေါ့ဗျာ။

ကျုပ်တို့အညာမှာက အခုလို နတ်တော်လ
တို့၊ ပြာသိုလတို့ဆိုရင်  လွှတ်အေးတာပေါ့
ဗျာ။အပူချိန်တွေ  ဖာရင်ဟိုက်တွေတော့ မ
သိဘူးပေါ့ဗျာ။

ကျုပ်တို့အညာသားတွေ သိတာကတော့ ညဘက်များရောက်ရင်  စောင်ခြုံလို့လည်း မလုံ၊ ကွေးလို့လည်း မနွေး၊ အိပ်လို့လည်း မပျော်ဆိုတာပဲပေါ့ဗျာ။

မီးလေး ဘာလေး လှုံလိုက်မှ နေသာတာဗျ။ကျုပ်ကတော့ နှမ်းရိုးတွေ လှည်းနဲ့တိုက်ပြီး ဝိုင်းထဲပုံထားတာဗျို့။ လွှတ်အေးတဲ့ညတွေဆိုရင် မီးကတော့ လှုံပြီးသားဗျ။

ကျုပ် မီးလှုံတဲ့ညဆိုရင် ကျောက်ခဲနဲ့ သံမ
ဏိကလည်း လာပြီးသားဗျ။ အမေ ချပေး
တဲ့ ပဲကြီးလှော်လေး၊ ထန်းလျက်ကလေး
စား အကြမ်းလေး သောက်ကြပေါ့ဗျာ။

တာတေ [ညမဖတ်ရ]Where stories live. Discover now