မဖဲဝါရဲ့ အိမ် part-2 final

741 58 1
                                    

'ဦးဗုံရေ ခင်ဗျားအတွက် ကျုပ် ရေစက်ချပေးမယ်'
ဆိုပြီး ရေစက်ချပေးတယ်။ ရေစက်ချလို့ပြီးတော့
ကုသိုလ်ကောင်းမှုကို ကျုပ်က အမျှဝေတယ်။
ဆရာတော်ရော သံဃာတွေရော ကိုရင်တွေပါ
သာဓုခေါ်ပေးကြတယ်။

ဟာ ဦးဗုံလည်း သာဓုခေါ်နိုင်တယ်ဗျို့၊
သာဓု ခေါ်နေတယ်။ပြီးတော့ ဆရာတော်ကို
သေသေချာချာ ရှိခိုးတယ်။ ကျုပ်ကို သူ့မျက်လုံး
အကြီးကြီးတွေနဲ့ စိုက်ကြည့်နေတယ်ဗျ။
ကျေးဇူးတင်လို့ ထင်ပါရဲ့ဗျာ။

ဟော ပျောက်သွားပြီဗျို့၊ ပျောက်သွားပြီ၊
သရဲကြီး ချက်ချင်းကို ပျောက်သွားတာဗျို့။
ကျုပ်က ဒီအကြောင်း ဆရာတော်ကို လျှောက်တော့
ဆရာတော်က ပြုံးပြီး ပီတီဖြစ်နေတာပေါ့ဗျာ။

"အင်း ဆိုးလိုက်တဲ့ ဘဝများနှယ့်၊ ဘုရင်က
အာဏာပါးကွက်သား ခန့်သတဲ့၊ သတ်လိုက်ရတဲ့ လူတွေ၊
နည်းမှာ မဟုတ်ဘူး၊ အင်း အပါယ်ဘုံသားကြီး
ဖြစ်နေလိုက်တာ၊ နှစ်ပေါင်း ဘယ်လောက်များရှိလဲတော့
မသိဘူးကွဲ့ မောင်တာတေရဲ့ "

"မှန်ပါ့ဘုရား၊ မဖဲဝါ အိပ်မက်ထဲမှာ ပြောတာကတော့
နှစ်ရာနဲ့ချီနေပြီလို့ ပြောတယ်ဘုရား"

"အေး ဟုတ်လောက်တာပေါ့ကွယ်
ကြောက်စရာ တယ်လည်းကောင်းပါလားကွယ်
ကဲ ကဲ မောင်တာတေလည်း ထမင်း
စားတော့ဟေ့၊ နို့ ဘယ်အချိန် ပြန်မှာတုံး"

"တပည့်တော် ဆပ်သမြောင် မရောက်တာ
ကြာနေပြီဘုရား၊ ရွာထဲက တပည့်တော်ရဲ့
သူငယ်ချင်းတွေဆီမှာ အေးအေးဆေးဆေး
စကားပြောပြီးမှ ရွာပြန်မယ်ဘုရား"

"မင်းသူငယ်ချင်းတွေက ဘယ်သူတွေတုံး"

"ရွာလယ်ပိုင်းက မောင်ချစ်တို့၊ ဖိုးစီတို့ပါဘုရား"

"သြော် သြော် ဖိုးစီတို့နဲ့ ခင်သလားကွဲ့"

"မှန်လှပါ ၊ တပည့်တော်တို့ မြို့ကျောင်းမှာ
အတူတူတက်လာတာပါဘုရား"

"သြော် အေး အေး၊ ကဲ ဘုန်းဘုန်းတော့
အလုပ်စခန်းလေး ဝင်တော့မယ်ကွယ် "

"မှန်လှပါဘုရား ၊ ဒါဆို တပည့်တော် တစ်ခါတည်း
ကန်တော့လိုက်တော့မယ်ဘုရား "

တာတေ [ညမဖတ်ရ]Where stories live. Discover now