လူခြောက်မယား part-2

941 67 0
                                    


"စိတ်ချ အရီး၊ ကျုပ်က ပါးစပ်လုံတဲ့ကောင်"

"ဒီလို တာတေရေ၊ အိမ်မှာ စီးပွားရေးက
လည်း အဆင်ပြေတော့ အရီးတို့ အိမ်ကြီး
ဆောက်လိုက်တယ်လေ၊ အိမ်ဆောက်
ပြီးတာနဲ့ နင့်ဘထွေးက သူ့သားရူပကို
ပြောတယ်လေ။

'ရူပ မင်းမှာ ရည်းစားတွေ ဘာတွေ မရှိဘူး
လား၊ ရှိရင် အဘက အိမ်ထောင်ချပေးမလို့
ကွ၊ အဘက ချွေးမတွေဘာတွေ ရှိချင်နေပြီ'

'အဘကလည်း ကျုပ်မှာ ရည်းစားမှမရှိဘူး
ဗျ၊ ရှိလည်း ကျုပ်က မယူသေးပါဘူး'

' ဟေ...ဘာဖြစ်လို့တုံးကွ'

'အဘကလည်းဗျာ၊ ကိုကြီးဒီပတောင်
အိမ်ထောင်မပြုရသေးဘူးလေဗျာ၊
ကျုပ်က အစ်ကိုကို ကျော်ပြီး ဘယ့်
နှယ်လုပ်အိမ်ထောင်ပြုရမှာတုံးဗျ'

'ဟာ ဒီကောင် တော်ရော်ပြောတော့မယ်၊
မင်းအစ်ကိုကြီး ဘယ့်နှယ်လုပ် အိမ်
ထောင်ပြုမှာတုံး ရူပရဲ့၊ စဉ်းစားလည်း
ပြောပါကွာ'

'ကျုပ်က ဒီရွာမှာလည်း တယ်မနေချင်ဘူး
အဘရဲ့၊ မြို့မှာသွားပြီး ရောင်းဝယ်စားချင်
တာဗ်'

'သြော် ...ဟုတ်လား၊ မြို့မှာတော့ မင်းအ
မေရဲ့မောင် မောင်စိန်ရှိတာပဲ သူတို့လည်း
စျေးထဲမှာ ဆိုင်နဲ့ကနားနဲ့ ရောင်းဝယ်စား
နေတာပဲ၊ အဘ အရင်းအနှီးထုတ်ပေးမှာ
ပေါ့ ရူပရဲ့၊ လုပ်ချင်ရင် မင်းဦးလေးနဲ့
တိုင်ပင်ပြီး လုပ်လေ'

'ကျုပ်လည်း ဦးလေးနဲ့ တိုင်ပင်နေတာဗျ'

'ဟေ...ဟုတ်လား၊ လုပ်လေ၊ မင်းဆန္ဒရှိရင်
အဘတို့အမေတို့က လုပ်ပေးမှာပေါ့ကွာ'

လို့ နင့်ဘထွေးကပြောတော့ ရူပကိစ္စက
ပြီးသွားတော့တာပေါ့ဟာ၊ အဲဒီညမှာပဲ
နင့်ကိုကြီးဒီပက သူ့အဘကို အိပ်မက်
ပေးတယ်။

'အဘ...ချွေးမလိုချင်နေတာ တကယ်လား'

လို့ မေးသတဲ့ဟေ့၊ ဒီတော့ နင့်ဘထွေးက...

'ဒီပရယ်၊ လိုချင်တာမှ အခုရရင် အခုလို
ချင်တာဗျ၊ အဘက သားတွေသမီးတွေ
ချွေးမတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်
တာကြ'

လို့ ပြောလိုက်တော့ သူ့သား ဒီပက
သူ့အဘကိုပြောသတဲ့ဟေ့၊

'ဒါဆိုရင် အဘနဲ့အမေနဲ့ ကျုပ်ကို မိန်းမ
လိုက်တောင်းပေးဖို့ ပြင်ကြပေတော့'

တာတေ [ညမဖတ်ရ]Where stories live. Discover now