လူသားစားကဝေ part-1

2.5K 158 1
                                    


ကပ္ပလီကဝေမကြီးကိစ္စ ပြီးသွားတော့ တာတေ ရွာပြန်ဖို့ ပြင်တယ်။

ဒါပေမဲ့ ပြန်မယ်ကိစ္စ ဆရာကြီးကို ပြောမယ့်ဆဲဆဲမှာပဲ ဆရာကြီးက...

"မောင်တာတေရေ ဆရာကြီးတို့တော့ နောက်တစ်ပွဲနွှဲရဦးတော့မယ်ဟေ့"

တာတေလိုပဲ ရှမ်းပြည်ကို ပြန်တက်ဖို့ ပြင်နေတဲ့ ဆရာနွံဖလည်း အံ့သြပြီး ဆရာကြီးကို လှမ်းကြည့်လိုက်တယ်ဗျ။

"အေး …နွံဖလည်း မပြန်နဲ့ဦး။ ဒါလည်း ပွဲကြီးပွဲကောင်းပဲဖြစ်မှာကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး ။ ကိစ္စရှိသေးတယ်ဆိုရင် ကျနော်မပြန်သေးပါဘူး"

"အေး ကိစ္စက ပေါ်လာပြန်ပြီ နွံဖရဲ့။ဒီတစ်ခါကတော့ ပဲခူးရိုးမဘက်မှာတဲ့ကွ။ လူသားစားတဲ့ ကဝေတစ်ကောင် ရောက်နေတယ်ဆိုပဲ"

"ဗျာ လူသားစားတဲ့ကဝေ ဟုတ်လား ဆရာကြီး"

"အေး ဟုတ်တယ် ဒီကောင် ပေါရိသာရလမ်းစဉ်ကိုလိုက်တဲ့ ကဝေကွ။ ဒီကောင်တွေကလည်း ကပ္ပလီကဝေမကြီးလိုပဲကွ။
လူသားကို မကြာမကြာ စားကြရတယ် ။ ဒါမှ သူတို့ရဲ့ ပညာအဆင့်တက်လို့ရတာတဲ့ကွ"

ဆရာကြီးရဲ့ အိမ်က ဧည့်ခန်းကြီးထဲမှာ ဆရာကြီးရယ် ဆရာနွံဖရယ် ကျုပ်ရယ် သုံးယောက်သား စကားပြောနေကြတာဗျ။
လူသားစားကဝေ ဆိုတဲ့ အကောင်ကြီးကို တွေးပြီး ကြောက်ကို သွားတာဗျို့။ဆရာကြီးရဲ့ ဧည့်ခန်းကြီးက ကျယသလောက် ရှေးဟောင်းပန်းချီကားကြီးတွေရယ် နိုင်ငံတကာက ဆရာကြီးယူလာတဲ့
အထူးအဆန်းပစ္စည်းကလေးတွေကို မှန်ပုံးကလေးတွေနဲ့ ပြသထားတာတွေရယ် တော်တော်ကိုစုံပါတယ်ဗျာ။ အားတဲ့အခါတိုင်း ဆရာနွံဖက ဆရာကြီးရဲ့ ဧည့်ခန်းကြီးထဲက ပစ္စည်းတွေကို တစ်ခုချင်းပြပြီး ရှင်းပြလေ့ရှိတယ်ဗျ။

ကျုပ်တစ်ခုပြောရဦးမယ်။ ကျုပ် ဆရာကြီးဆီကို စရောက်ကတည်းက အခုအချိန်အထိပေါ့ဗျာ။ဆရာကြီး ဘောင်းဘီရှည်ဝတ်တာ။ ရှူးဖိနပ်စီးတာမျိုးတွေ တစ်ခါမှ မတွေ့ဖူးဘူးဗျ။ ဆရာကြီးက ပုဆိုးကွက်တုံးကြီးနဲ့ပိတ်အင်္ကျီကိုပဲ အမြဲဝတ်တာဗျ။နိုင်ငံတကာလှည့်ပြီး ပြန်လာတယ်ဆိုပေမယ့် ဆရာကြီးဟာ လုံးဝဗိုလ်မဆန်ဘဲ မြန်မာတော်တော်ပီသတာဗျ။ စားတာသောက်တာကအစ မြန်မာ့ရိုးရာ အစားအစာကိုပဲ စားတယ်။ နေတာ ထိုင်တာ ပြောတာကအစ လွှတ်ရိုးတဲ့ လူကြီးပါဗျာ။

တာတေ [ညမဖတ်ရ]Where stories live. Discover now